ဘန်ကောက်တွင် ကာကွယ်ဆေး သွားထိုးရာက တအိမ်သားလုံး ကိုဗစ်-၁၉ ကူးစက်ခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန်ဆိနယ်မြေ ဗဟိုမီးရထားဘူတာရုံမှာ အစိုးရအစီအစဉ်နဲ့  အက်စတာ့အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးပေးနေတာကြောင့် လူတွေကြိတ်ကြိတ်တိုးများပြားခဲ့ပါတယ်။

ဘူတာရုံမှာ ကာကွယ်ဆေးသွားထိုးခဲ့တဲ့  သားအဖ ၂ ယောက်လည်း ဆေးထိုးပြီးနောက်   နေမကောင်းလို့ ဆေးစစ်ကြည့်ရာမှာ တအိမ်သားလုံး ကိုဗစ်-၁၉ ကူးစက်ခံနေရတာတွေ့ရတယ်လို့  Amarin ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

ကူးစက်ခံရတဲ့မိသားစုက သူတို့ရောက်ခဲ့တဲ့နေရာတွေကို  လူမှုကွန်ရက်မှာ ဖော်ပြရာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်မနက် ၁၁ နာရီလောက်က သားအဖနှစ်ယောက် ကာကွယ်ဆေးထိုးဖို့ ဘန်ဆိဘူတာ ရုံမှာသွားတန်းစီခဲ့ကြောင်း ၊ အစပိုင်းမှာလူသိပ်မများပေမယ့် နောက်ပိုင်းလူတွေတဖြေးဖြေး များလာပြီး မိမိနာမည်ခေါ်နိုးနဲ့ ဆက်လက်စောင့်ဆိုင်းရာ ညနေ ၄ နာ ရီ မှ ဆေးထိုးရတယ်လို့ ဆိုပါတယ်။ 

ဆေးထိုးပြန်လာပြီး နောက်ရက်ကစလို့ အဆိုပါ သားအဖ ၂ ယောက်အပါအဝင် မိခင်ဖြစ်သူနဲ့ တခြားညီအစ်ကိုတွေ တစ်ယောက်ပြီး တစ်ယောက် ဖျာနာပြီး ကိုဗစ်ရောဂါ လက္ခဏာတွေတွေ့ရတာတကြောင့် Rapid Test နဲ့ တအိမ်သားလုံး ကိုစစ်ဆေး တိုင်းကြည့်ရာမှာ အားလုံးအနီရောင်ပြနေလို့ ဆေးရုံမှာ သေချာအောင် ထပ်သွားစစ်တော့ တအိမ်သားလုံး positive ဖြစ်နေတာလို့ ဆိုပါတယ်။ 

သူတို့မိသားစုဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကိုဗစ် ၁၉ ရောဂါမကူးစက်အောင် အထူး ဆင်ခြင်ခဲ့ကြကြောင်း၊ အိမ်ကိုလည်း အပြင်လူ၊ ဧည့်သည်အဝင်မခံဘဲ ကာကွယ်ဆေး သွားတန်း စီတဲ့နေ့ကလည်း Mask နှစ်ထပ်တပ်ထားတာတောင်မှ ကူးစက်ခံခဲ့ရတာလို့ ဆိုပါတယ်။

ဆေးရုံဆေးခန်းမှာ လူနာတွေပြည့်နေတာကြောင့် တမိသားစုလုံး မိမိအိမ်ကနေဘဲ Home Isolation ( အိမ်မှာသီးသန့်ခွဲနေ ) ပြီး အွန်လိုင်းပေါ်ကနေ ဆရာဝန်ညွှန်ကြားချက်နဲ့ နေထိုင်နေတယ်လို့ ဆိုပါတယ် ။ 

ဒီကိစ္စ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးတဲ့နောက် အဆိုပါ ကာကွယ်ဆေး ထိုးတဲ့ ဘူတာရုံမှာ ဦးရာလူစနစ်နဲ့ မဟုတ်တော့ဘဲ ကြိုတင်အမည်စာရင်းပေးသွင်းပြီး မိမိနာမည်နဲ့ အမှတ်စဉ်အတိုင်း လာထိုးဖို့ ၊ တန်းစီရာနေရာကိုလည်း စနစ်တကျခပ်ခွါခွါစီစဉ်လိုက်တယ်လို့ ထိုင်းသတင်းမှာ ရေးပါတယ်။  

Photo- Khaosod

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up