မြန်မာဘောလုံးအသင်း လိုအပ်ချက်တွေ ရှိနေသေး

ဆီးဂိမ်းပြိုင်ပွဲဝင် အသက် ၂၃ နှစ်အောက် မြန်မာအမျိုးသား ဘောလုံးအသင်းဟာ ဒီဇင်ဘာ ၈ ရက်နေ့ အုပ်စုပထမပွဲစဉ်မှာ ကမ္ဘောဒီးယားအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး တာထွက်ကောင်းခဲ့ပါတယ်။ Myanmar football၃ ဂိုးပြတ်ဆိုတဲ့ ရလဒ်နဲ့ ၃ မှတ်ဆိုတဲ့ ရမှတ်တွေ ရလိုက်ပေမယ့် မြန်မာအသင်းတိုက်စစ်နဲ့ ခံစစ်မှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ အားကစားကလောင်ရှင် ဦးစိုးညီက ထောက်ပြပါတယ်။ “ဒါ ရလဒ်ပိုင်းအရတော့ ကျေနပ်စရာပေါ့။ ဒါပေမယ့် ခြေစွမ်းပိုင်းမှာဆိုရင်တော့ ကျနော့်အမြင် ပြောရရင် မြန်မာအသင်းမှာ အားနည်းချက်လေးတွေ နည်းနည်းတော့ ရှိနေသေးတယ်။ ဥပမာဗျာ တိုက်စစ်ပိုင်းက အဆုံးသတ်ပိုင်းမှာ အားနည်းတယ်။ နောက်ခံစစ်ကလည်း ဒီကမ္ဘောဒီးယားလို တိုက်စစ်မှူးတွေကိုတောင် မထိန်းနိုင်ပဲနဲ့ လွတ်ထွက်သွားတာမျိုး ၂ ကြိမ်၊ ၃ ကြိမ် တွေ့ရတယ်။ ဗိုလ်စွဲဖို့အတွက်ကို  ခြေစွမ်းပိုင်းက ဒီထက်ပိုကောင်းမှ ရမယ်လို့ ထင်ပါတယ်။ ” ၀ါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)ကတော့ ပထမပွဲ ခြေစွမ်းနဲ့ ဆိုရင်တော့ ထိုင်းနဲ့ အင်ဒိုနီးရှားတို့နဲ့ ကစားရင် အသေအလဲ ကစားရလိမ့်လို့ မှတ်ချက်ပေးပါတယ်။ “ဒီပွဲပေါ်မှာ အကဲဖြတ်ရင် ကျနော်တို့က သုံးဂိုးပြတ်တော့ နိုင်တယ်။ ခြေက သိပ်မကွာဘူးဗျ။ အပြန်အလှန်ပဲ။ အရေးကြီးတာက မနက်ဖြန်ပွဲ တီမောကို နိုင်ကောင်းပါရဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ထိုင်းကတောင် နိုင်ထားတာကိုး။ ထိုင်းနဲ့ ကစားမယ့်ပွဲ၊ အင်ဒိုနီးရှားနဲ့ ကစားမယ့်ပွဲ အဲဒီ ၂ ပွဲမှာ ဒီခြေလောက်ဆိုရင်တော့ အတော်လေးကို အသေအလဲ ကြိုးစား ကစားရမှာပေါ့ဗျာ။ ဒါပေမယ့်လည်း နိုင်ပွဲတွေ ရထားပြီဆိုတော့ အဲဒီနှစ်သင်းကို မြန်မာအသင်းက ကြိုးစားကောင်းပါရဲ့ ခြေစွမ်း ဒီထက်ကောင်းပါရဲ့ လို့အောက်မေ့တာပဲ။ ” မြန်မာအသင်းဟာ ဒီဇင်ဘာ ၉ ရက်မှာ အရှေ့တီမော၊ ဒီဇင်ဘာ ၁၄ရက်မှာ ထိုင်း၊ ဒီဇင်ဘာ ၁၆မှာ အင်ဒိုနီးရှားအသင်းတို့နဲ့ အုပ်စုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up