မြန်မာ ရွှေတံဆိပ် အများဆုံး ရရှိထား

၀ူ​ရှူး အားကစား​ြပိုင်ပဲွတွင် ြမန်မာမှ ထက်ဟန်ေကျာ်နဲ့ စိန်သီဟေအာင်တို့ ေရွှ ၂ ​ခု ဆွတ်ခူးရရှိ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကျင်းပနေရာမှာ အခု လက်ရှိ မြန်မာက ရွှေ ၆ ခု ရရှိနေပြီး ဖြစ်ပါတယ်။ ​မြန်​မာ​က ​ရိုး​ရာ​ခြင်း​လုံး​မှာေ​ရွှ ၄ ​ခု​နဲ့  ၀ူ​ရှူး အားကစား​မှာ ရွှေ ၂ ​ခု ​စု​စု​ပေါင်းေ​ရွှ​တံ​ဆိပ် ၆ ​ခု ​ရ​ရှိ​ထား​ပါ​တယ်။ [caption id="attachment_47905" align="alignleft" width="300"] ၀ူ​ရှူး အားကစား​ပြိုင်ပွဲတွင် မြန်မာမှ ထက်ဟန်ကျော်နဲ့ စိန်သီဟအောင်တို့ ရွှေ ၂ ​ခု ဆွတ်ခူးရရှိ ၀ူ​ရှူး အားကစား​ပြိုင်ပွဲတွင် မြန်မာမှ ထက်ဟန်ကျော်နဲ့ စိန်သီဟအောင်တို့ ရွှေ ၂ ​ခု ဆွတ်ခူးရရှိ[/caption] ၄၄ နှစ်တာကာလ အတွင်း မြန်မာပြည်မှာ ပြန်လည် ကျင်းပခွင့်ရခဲ့တဲ့ ဆီးဂိမ်း အားကစား ပွဲတွေရဲ့ ကနဦ မှာပဲ ရိုး​ရာ​ခြင်း​လုံး (​ခေါ် ) ၀ိုင်း​ခြင်း ​က​စား​နည်းနဲ့ မြန်မာအမျိုးသားနဲ့ အမျိုးသမီး ၂ သင်းလုံး ရွှေဆုကို စတင် ရရှိခဲ့ကြပါတယ်။ ၀ိုင်းခြင်းဟာ ​မြန်​မာ​နိုင်​ငံ​မှာ ​လွန်​ခဲ့​တဲ့ ​နှစ်​ပေါင်း ၁၅၀၀ ​လောက်​က​တည်း​က ​တွင်​တွင်​ ကျယ်​ကျယ် ​က​စား​ခဲ့​ကြ​တာမို့ ကျွမ်းကျင်ပိုင်နိုင်စွာပဲ ရွှေတံဆိပ်တွေ ဆွတ်ခူးခဲ့တာလို့ လေ့လာသူတွေက ဆိုကြပါတယ်။ ဒီနေ့မှာတော့ ​ရိုး​ရာ​ခြင်း​လုံး ​အ​ခြေ​ခံ​အ​ဆင့် ​မျိုး​ကွဲ​ပြိုင်​ပွဲ​ကို ​၀​ဏ္ဏ​သိ​ဒ္ဓိ​ကွင်း​မှာ ​ဆက်​လက်​ ယှ​ဉ်​ပြိုင်​ခဲ့​ပြီး ​မြန်​မာ​အ​မျိုး​သား​နဲ့ အ​မျိုး​သ​မီး ​နှစ်​သင်း​လုံးေ​ရွှတံ​ဆိပ် ​ထပ်​မံ​ရ​ရှိ​ခဲ့​ပါ​တယ်။ ဒါကြောင့် ခြင်းလုံးနဲ့ဘဲ ရွှေ ၄ ခု ရနေခဲ့ပါတယ်။ နောက်ထပ် ၀ူ​ရှူး​ပြိုင်​ပွဲ​မှာလည်း မြန်မာက ရွှေ ၂ ခု ထပ်ရလိုက်ပြန်ပါတယ်။ ဒါကြောင့် ၆ ခု ဖြစ်သွားပါပြီ။ ​ဒီ​နေ့ ၀ူရှူးကစားနည် ​ထောက်​လု ​နှစ်​ယောက်​တွဲ​ အ​တိုက်​ ပြိုင်ပွဲ​မှာ ​​ကျော်​ဇင်​သစ်​နဲ့ ဝေ​ဖြိုး​အောင်​အ​တွဲ​ကေ​ရွှတံ​ဆိပ်​ရ​ယူ​ လိုက်ကြတာ ဖြစ်ပါတယ်။ နောက်ထပ် ၀ူ​ရှူး တ​ဦး​ချင်း​ပြိုင်​ပွဲ​မှာလည်း ​အောင်​စည်​သူ​ကေ​ရွှတံ​ဆိပ် ​ထပ်​မံ ​ဆွတ်​ခူး​ လိုက်​ပါ​သေးတယ်။ လက်ရှိ အခြေအနေထိ မြန်မာက ရွှေ ၆ ခု၊ ထိုင်းက ရွှေ ၂ ခုနဲ့ ဗီယက်နမ်က ရွှေ ၁ ခု ရရှိထား ပါတယ်။

More News
Up