မန်ယူပစ်မှတ် ဆာအူးလ်နီဂွက်ဇ်၏ ကိုယ်စားလှယ်များ အင်္ဂလန်သို့ လာရောက်ဆွေးနွေးမည်

အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်ရဲ့ ကိုယ်စားလှယ်တွေဟာ တနင်္လာနေ့မှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိလာမယ်လို့ သိရပါတယ်။ 

တီကိုအသင်းဟာ အာဂျင်တီးနား လက်ရွေးစင် ဒီပေါလ်ကို ခေါ်ယူခဲ့တာကြောင့် စပိန်ကွင်းလယ်လူ ဆာအူးလ်က အသင်းပြောင်းရွှေ့ဖို့ရှိနေတာပါ။ 

ဆာအူးလ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက ရေပန်းစားနေပြီး လီဗာပူးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

တနင်္လာနေ့မှာ သူ့ရဲ့အေးဂျင့်တွေက အင်္ဂလန်ကို ရောက်လာဖို့ရှိပြီး ဘယ်အသင်းနဲ့ ဆွေးနွေးသွားမလဲဆိုတာတော့ သိရှိရခြင်း မရှိသေးပါဘူး။ 

အက်သလက်တီကို အသင်းဟာ ဆာအူးလ်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၂၈ သန်း သတ်မှတ်ထားပေမယ့် ပေါင်သန်း ၄၀ လောက်ရရင် ထွက်ခွါခွင့်ပြုမယ်လို့ Mirror သတင်းစာ က ဖော်ပြပါတယ်။ 

အက်သလက်တီကိုအသင်းဟာ ဘာစီလိုနာက ဂရစ်မန်းကို ပြန်လည်ခေါ်ယူဖို့အတွက် ဆာအူးလ်နဲ့ မက်လုံးပေးကမ်းလှမ်းဖို့ရှိသလို ဂျူဗင်တပ်စ်အသင်းဆီ ရောင်းချဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up