မော်လမြိုင်တွင် တစ်လအတွင်း ကိုဗစ်လူနာ ၆၀၀ နီးပါး မီးသင်္ဂြိုဟ်ခဲ့ရ

မွန်ပြည်နယ်၊ မော်လမြိုင်သုသာန်တွေမှာ ဇူလိုင် ၁ ရက်မှ ၃၁ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၀၀ နီးပါး မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သုသာန်တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ်လူနာ မီးသင်္ဂြိုဟ်ပေးမှုအရ မော်လမြိုင် ပိန္နဲကုန်းသုသာန် တစ်ခုတည်းမှာပဲ ကိုဗစ်အတည်ပြုလူနာ ၄၅၀ ကျော် မီးသင်္ဂြီုဟ်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် မော်လမြိုင်က ဟိန္ဒူ၊ တရုတ်သုသာန် အပါအဝင် အစ္စလာမ်ဥယျာဉ်တို့မှာတော့ တစ်လအတွင်း ကိုဗစ်လူနာ ၁၅၀ နီးပါး မီးသင်္ဂြီုဟ်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုဟာ ပြီးခဲ့တဲ့ အပတ်အတွင်း လျော့ကျလာခဲ့ပေမယ့် ဇူလိုင် ၃၁ ရက်ကစပြီး သေဆုံးမှု ပြန်လည် မြင့်တက်နေတယ်လို့ မော်လမြိုင် ပိန္နဲကုန်းသုသာန် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကိုဗစ်လူနာတွေ မီးသင်္ဂြိုဟ်ပေးရာမှာ ကိုဗစ်ကာကွယ်ပစ္စည်း အလုံလောက်မရှိတဲ့အတွက်ကြောင့် အခက်အခဲမျိုး ရင်ဆိုင်နေတာပါ။

မော်လမြိုင်မှာတော့ သြဂုတ်လ ၁ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၁၅၀၀ နီးပါးရှိပြီး အဲဒီထဲမှာ ကိုဗစ်လူနာ ၁၀၀ ကျော်သာ သေဆုံးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up