ရွေးကောက်ပွဲတွင် လျှို့ဝှက်ပူးပေါင်းကြံစည်မှုများရှိဟု နီကာရာဂွါသမ္မတ ဝေဖန်

နီကာရာဂွါနိုင်ငံမှာ အတိုက်အခံ နိုင်ငံရေးသမားတွေ အဖမ်းခံရအပြီး ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေ ရှိတယ်လို့ သမ္မတ ဒယ်နီယယ်အိုတေဂါက စစ်သားတွေကို ဇူလိုင် ၃၀ မှာ ပြောလိုက်ပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲမှာ သမ္မတ နေရာအတွက် ဝင်ပြိုင်ဖို့ ရည်မှန်းထားတဲ့ နိုင်ငံရေးသမား ၇ ယောက်အပါအဝင် ထင်ရှားတဲ့ နီကာရာဂါ နိုင်ငံသားတွေဟာ အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ စွပ်စွဲခံရပြီး အဖမ်းခံလိုက်ရကာ လူအများအပြား နိုင်ငံခြားကို ထွက်ပြေးခဲ့ရတာပါ။ 

သမ္မတကတော့ အတိုက်အခံတွေကို ဝေဖန်ပြစ်တင်ပြီး ဒါဟာ နီကာရာဂွါနိုင်ငံအတွင်း အစိုးရတရပ် တည်ထောင်ဖို့ အမေရိကန်ကို သစ္စာခံသူတွေရဲ့ မူဝါဒအစိတ်အပိုင်းလို့ ပြောပါတယ်။

အမေရိကန် အစိုးရကလည်း အတိုက်အခံတွေကို ဖမ်းဆီးထိန်းသိမ်းတာဟာ ဒီမိုကရေစီအပေါ် တိုက်ခိုက်မှုလို့ ခေါ်ဝေါ် လိုက်ပါတယ်။

အမေရိကန်အစိုးရဟာ သမ္မတရဲ့သမီး အပါအဝင် နီကာရာဂွါ နိုင်ငံသား ၄ ယောက်ကို ဇွန်လက ပိတ်ဆို့ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up