မြန်မာအသင်းက ပထမပိုင်းအပြီး ၂-၀ ဂိုးမရှိဖြင့် ဦးဆောင်နေ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးအုပ်စုပွဲစဉ်တွေကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ဒီနေ့ စတင်ယှဉ်ပြိုင်ကစားနေပြီး မြန်မာအမျိုးသား ဘောလုံးအသင်းက ကမ္ဘောဒီးယားအသင်းကို ပထမပိုင်းအပြီးမှာ ၂-၀ ဂိုးနဲ့ ဦးဆောင်နေပါတယ်။ ဒီနေ့ပွဲစဉ် စစချင်းမှာ နှစ်ဖက်အပြန်အလှန် ထိုးဖောက်ခဲ့ကြပါတယ်။ မြန်မာအသင်းအတွက်ဂိုးတွေကိုတော့ ပထမပိုင်းစပြီး ၁၅ မိနစ်မှာ ၁ ဂိုးနဲ့ ၃၅ မိနစ်မှာ ရှေ့တန်းတိုက်စစ်မှူး ကျော်ကိုကိုက ၁ ဂိုး ထပ်မံ သွင်းယူခဲ့တာဖြစ်ပါတယ်။ Read more

More News
Up