Wednesday, May 31, 2023
HomeLead Storyနိုင်ငံတာဝန်ရှိသူများ ကိုယ့်အတွက်ပဲကိုယ်မစဉ်းစားကြရန် အောင်လအန်ဆန်ပြော

နိုင်ငံတာဝန်ရှိသူများ ကိုယ့်အတွက်ပဲကိုယ်မစဉ်းစားကြရန် အောင်လအန်ဆန်ပြော

မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးတဲ့အကြောင်းနဲ့ နိုင်ငံမှာတာဝန်ရှိသူတွေအနေနဲ့ ကိုယ့်အတွက်ပဲ မစဉ်းစားကြဘဲ  မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စဉ်းစားပေးကြဖို့  MMA  ကစားသမား အောင်လအန်ဆန်က ပြောကြားလိုက်ပါတယ်။

ONE Championship ကမ္ဘာ့ချန်ပီယံဟောင်း MMA ကစားသမား အောင်လအန်ဆန်ဟာ ဇူလိုင် ၃၀ ရက်ညက စင်ကာပူနိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်တဲ့ မစ်ဒယ်ဝိတ်တန်းပြိုင်ပွဲမှာ ပြိုင်ဘက် ဘရာဇီးလ်နိုင်ငံသား လီအန်ဒရိုကို ပထမအချီ ၃မိနစ်၄၅ စက္ကန့်မှာပဲ အလဲထိုး အနိုင်ရသွားပြီးနောက် ကြိုးဝိုင်းစင်မြင့်ပေါ်ကနေ ပြောကြားခဲ့တာပါ။ 

“ကျနော် မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေအတွက် ဆုတောင်းပေးချင်ပါတယ်။ ဒီနှစ်ဟာ ကျနော်တို့ အားလုံးအတွက် ခက်ခဲတဲ့နှစ်ပါ။ အထူးသဖြင့် ကျနော့်အတွက်လည်း အရမ်းပဲ ခက်ခဲခဲ့ပါတယ်။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေနဲ့  ကျနော် လေ့ကျင့်တဲ့ Gym ကိုသွားရတာတောင်  စိတ်ထဲမှာ တော်တော်ခက်ပါတယ်။ မြန်မာပြည်အတွက် ဆုတောင်းပေးကြပါ၊  အဲဒီမှာရှိတဲ့ ပြည်သူတွေအတွက် စဉ်းစားပြီးတော့လေ။ ခင်ဗျားတို့ဟာ အာဏာပိုင်တွေ တာဝန်ရှိသူတွေဖြစ်တယ်ဆိုရင်၊ မြန်မာပြည်ရဲ့ အနာဂတ်အတွက် စဉ်းစားပါ။ ကိုယ့်အတွက်ပဲ မစဉ်းစားပါနဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်။” လို့ ပြောပါတယ်။

အောင်လအန်ဆန်ဟာ  စိန်ခေါ်သူ ဒီရိုက်ဒါကို ရှုံးပြီး  ၂၀၂၀ အောက်တိုဘာ ၃၀ ရက်မှာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု  ၂၀၂၁ ဧပြီ  ၂၈ ရက်မှာ လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုတို့ကို လက်လွှတ်ခဲ့ရပြီးနောက် ပထမဆုံး နိုင်ပွဲပြန်ရခဲ့တာပါ။ သူ့အနေနဲ့ ဘယ်ပြိုင်ဘက်ကိုမှ မကြောက်တဲ့ အကြောင်းနဲ့ မစ်ဒယ်ဝိတ်တန်းမှာ ပွဲကောင်း တစ်ပွဲ စီစဉ်ပေးဖို့လည်း ONE Championship  တာဝန်ရှိသူကို ပြောကြားခဲ့ပါတယ်။

Photo Credit- ONE Championship 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular