ဆီးဂိမ်းပြိုင်ပွဲ IBC ၀င်ခွင့်ကတ် ကျပ် ၂ သောင်းခွဲ သွင်းရမည်

ဆီးဂိမ်းအြကိုဖွင့်ပဲွေန့ ေလ့ကျင့်မှု အခမ်းအနားအား ြမင်ေတွ့ရစဉ်
ဆီးဂိမ်းပြိုင်ပွဲမှာ ပြည်တွင်းနဲ့ ပြည်ပသတင်းထောက်တွေ သတင်းရယူပြီး သက်ဆိုင်ရာ သတင်းမီဒီယာဌာနတွေနဲ့ ချိတ်ဆက်အလုပ်လုပ်နိုင်အောင် စီစဉ်ထားတဲ့ မဏိရတနာ ကျောက်စိမ်းခန်းမ၀င်ခွင့် (အိုင်ဘီစီ) ကတ်ကို နောက်ကျကြေး ပေးသွင်းပြီးမှ ၀င်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ [caption id="attachment_47798" align="alignleft" width="300"]ဆီးဂိမ်းအကြိုဖွင့်ပွဲနေ့ လေ့ကျင့်မှု အခမ်းအနားအား မြင်တွေ့ရစဉ် ဆီးဂိမ်းအကြိုဖွင့်ပွဲနေ့ လေ့ကျင့်မှု အခမ်းအနားကို မြင်တွေ့ရစဉ်[/caption] အားကစားကွင်းတွေထဲ သတင်းဝင်ယူ ခွင့်ပြုတဲ့ သတင်းထောက်ဝင်ခွင့်ကတ်တွေ ကုန်သွားပြီ ဖြစ်လို့ သတင်းသမားတွေ  သတင်းရစေဖို့ နေပြည်တော် သပြေကုန်းက မဏိရတနာ ကျောက်မျက်ခန်းမမှာ သတင်းရယူနိုင်အောင် စီစဉ်ပေးတာ ဖြစ်ပါတယ်။ ခန်းမထဲမှာ အထိုင်ပြုထားတဲ့ Main Press Center ကနေ သတင်းအချက်အလက်တွေ ဓာတ်ပုံတွေ ဖြန့်ပေးမှာ ဖြစ်ပြီး အဲဒီခန်းမအတွင်း ၀င်ရောက်ခွင့်ကတ်ပြားကို ကျပ်ငွေ ၂ သောင်းခွဲ ကောက်ခံတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့က ခန်းမထဲမှာ တရားဝင် သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ပြီး  ဒီအစီအစဉ်နဲ့ ပတ်သက်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားညွှန်ကြားရေးမှူး ဦးဝင်ကြည်က ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီကတ်ပြား လက်ဝယ်ရှိတဲ့ သတင်းထောက်ဟာ ဆီးဂိမ်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်၊ ဓာတ်ပုံ ရရှိရုံတင်မကသေးဘဲ အဆောက်အဦတွင်းမှာ စာနယ်ဇင်း သမားတွေအတွက် သတင်းရေးသား ပေးပို့နိုင်အောင် ခန်းမကျယ်နဲ့ ထိုင်ခုံတွေ၊ အင်တာနက်တွေ စီစဉ်ပေးထားပြီး အခမဲ့ သုံးခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဒီလို အစီအစဉ်ကောင်းတွေ ရှိပေမယ့် အဲဒီခန်းမမှာ လွန်ခဲ့တဲ့ရက်ပိုင်းက လျှပ်စစ်မီး ပြတ်တောက်မှု ကြုံတွေ့ခဲ့ရသလို လက်ရှိမှာလည်း ၀ိုင်ဖိုင်အက်တာနက်သုံးစွဲရာမှာ ခက်ခဲနေတုန်းပဲ ဖြစ်ပါတယ်။ လက်ရှိအခြေအနေထိ အားကစားကွင်းတွေအတွက် ၀င်ခွင့်ကတ်တွေ ထုတ်ပေးတာ ၄ သောင်းနီးပါ ရှိပြီး ၃၅၀၀ လောက်သာ သတင်းမီဒီယာတွေအတွက် ဖြစ်ပါတယ်။ လူထု စည်းရုံးလှုံ့ဆော်ရေး၊ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းတင်ရေး ကော်မတီမှ ဦးလှိုင်မြင့်ကတော့ ကွင်းထဲဝင် သတင်းရယူခွင့်ကတ်တွေ ကုန်သွားပြီ ဆိုပေမယ့် နောက်ကျ ရောက်လာတဲ့ သတင်းထောက်တွေကို ကွင်းအတွင်း ၀င်ရောက်သတင်းရယူနိုင်ရေး စီစဉ်ဖွယ်ရှိပါတယ်လို့ ပြောပါတယ်။ ကျပ်ငွေ ၂ သောင်းခွဲနဲ့ ထုတ်ပေးနေတဲ့ ၀င်ခွင့် ကတ်ပြားကို ဆီးဂိမ်းအားကစားပွဲတော်အတွင်းမှာလည်း ဆက်လက်ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အပြည့်အစုံနားဆင်ရန်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up