မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြောက်ကျားတိုက်ပွဲတွေ စတင်တော့မယ်လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ ကြေညာပါတယ်။
တိုက်ပွဲစတင်ဖို့အတွက် ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေးမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပံ့ပိုးရေးအဖွဲ့တို့ ပူးပေါင်းထားပြီးလို့ ဆိုပါတယ်။
ပြောက်ကျားတိုက်ပွဲတွေကို အချိန်မရွေး နေရာမရွေး လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ အာဏာသိမ်း စစ်ကောင်စီအဖွဲ့တွေနဲ့ ခွာပြီး နေထိုင်ကြဖို့ ရေး PDF က သတိပေးထားပါတယ်။
ရေးမြို့နယ်မှာ တိုက်ပွဲစတင်ဖို့အတွက် မြို့နယ်အတွင်းမှာ PDF တပ်ဖွဲ့တွေ ဖြန့်ထားပြီပြီးလို့ ထုတ်ပြန်ထားပါတယ်။