အမေရိကန်နိုင်ငံသားကို မြောက်ကိုရီးယား ပြန်လွှတ်

990
မြောက်ကိုရီးယားအစိုးရက ပြန်လွှတ်ပေးလိုက်တဲ့ အသက် ၈၅ နှစ်အရွယ် အမေရိကန် နိုင်ငံသား မာရေးနယူးမန်းဟာ တရုတ်နိုင်ငံ ပေကျင်းမြို့ လေဆိပ်ကို ဒီနေ့ ရောက်သွားပြီ ဖြစ်ပါတယ်။
“ကျနော့်ဇနီးနဲ့ တွေ့ချင်တယ်၊ အိမ်ပြန်ရလို့ ၀မ်းသာပါတယ်” လို့ နယူးမန်းက လေဆိပ်မှာ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ ဆိုးသွမ်းတဲ့ အပြုအမူတွေ ဆောင်ရွက်ခဲ့တဲ့အမှုနဲ့ နယူးမန်းဟာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင်က အမှားကို ၀န်ခံပြီး တောင်းပန်လိုက်တဲ့အတွက် ပြန်လွှတ်ပေးလိုက်တာလို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအန်ကေသတင်းဌာနက ဒီနေ့ ကြေညာပါတယ်။
နယူးမန်းဟာ ကိုရီးယားစစ်ပွဲ (၁၉၅၀ - ၅၃) ကာလမှာ မြောက်ကိုရီးယားတပ်တွေကို တိုက်ခိုက်တဲ့ ပြောက်ကျားစစ်တွေမှာ ပါဝင်ခဲ့ပါတယ်။
မြောက်ကိုရီးယားကို ကမ္ဘာလှည့်ခရီးသွားအနေနဲ့ သွားရောက်နေတုန်း အောက်တိုဘာလ နှောင်းပိုင်းမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
