ထိုင်းဘောလုံးအသင်းကို အဓိကယှဉ်ပြိုင်ရမည်ဟု မြန်မာနည်းပြချုပ် ပြော

ပတ်ေဆာင်ဟွာ
မြန်မာနိုင်ငံအမျိုးသားဘောလုံးအသင်းအနေနဲ့ ထိုင်းအသင်းကိုသာ အထူးဂရုပြု ယှဉ်ပြိုင်ရမယ်လို့ မြန်မာအမျိုးသားဘောလုံးအသင်း နည်းပြချုပ် ကိုရီးယားနိုင်ငံသား ပတ်ဆောင်ဟွာက ပြောဆိုလိုက်ပါတယ်။ [caption id="attachment_47828" align="alignleft" width="300"]ပတ်ဆောင်ဟွာ ပတ်ဆောင်ဟွာ[/caption] မရန်းကုန်းမြို့နယ် ဟိုတယ်ရန်ကုန်မှာ မနေ့က ကျင်းပတဲ့ ရှင်းလင်းပွဲမှာ မြန်မာအသင်းနည်းပြချုပ် ပတ်ဆောင်ဟွာက အခုလို  ပြောဆိုလိုက်တာပါ။င်္ ဒီရှင်းလင်းပွဲမှာ ထိုင်းအသင်းရဲ့ လက်ထောက်နည်းပြနဲ့ အင်ဒိုနီးရှား၊ အရှေ့တီမော နဲ့ ကမ္ဘောဒီယားအသင်းတွေက နည်းပြချုပ်တွေ တက်ရောက်ရှင်းလင်းပါတယ်။ ဒီကနေ့ ရှင်းလင်းပွဲမတိုင်ခင် ဆီးဂိမ်းမှာ ၀င်ပြိုင်ကြတဲ့အခါ ၀တ်ဆင်မယ့် အင်္ကျီအရောင်နဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။ ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်ဖို့ အလားအလာများတယ်လို့ ပြောဆိုနေကြတဲ့ အသင်းတွေကတော့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်အသင်းတွေ ဖြစ်ပါတယ်။ ထိုင်းလက်ထောက်နည်းပြက အိမ်ရှင်မြန်မာတွေရဲ့ အားပေးမှု အားကောင်းတဲ့အပေါ် ထည့်သွင်းစဉ်းစားထားပေမယ့် ဒီအတွေ့အကြုမျိုးတွေ ဖြတ်သန်းဖူးတာမို့ အောင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ အရှေ့တီမော၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားနည်းပြတွေကတော့ ပြိုင်ဘက်အားလုံးဟာ ပြိုင်ဘက်ကောင်းတွေဖြစ်တယ်လို့ သံတမန်နည်းကျကျ ပြောဆိုကြပေမယ့် အဓိက ထိုင်းအသင်း၊ ဗီယက်နမ်အသင်းနဲ့ အိမ်ရှင်မြန်မာအသင်းကို ကျော်ဖြတ်ရမယ့် အဓိကအသင်းတွေအဖြစ် တင်စားပြောဆိုကြပါတယ်။ ဒီနေ့ ည ၆ နာရီ ၄၅ မိနစ်မှာ အုပ်စုဘီမှာပါတဲ့ ကမ္ဘောဒီးယားအသင်းနဲ့ မြန်မာအသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ စတင်ကစားကြမှာဖြစ်ပါတယ်။ အုပ်စုဘီမှာ မြန်မာအသင်းဟာ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီယား၊ တီမောအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အုပ်စု အေမှာတော့ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ လာအို အသင်းတို့ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up