Home
သတင်းတို
ဆီးဂိမ်းအမှတ်တရ ပစ္စည်းများ ရောင်းကောင်း
DVB
·
December 6, 2013
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ဆီးဂိမ်းအမှတ်တရ လက်ဆောင်ပစ္စည်းတွေ ရောင်းအားကောင်းနေပါတယ်။ ၄၄ နှစ်ကြာပြီးနောက် မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် လက်ခံကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲကို တနိုင်ငံလုံး အတိုင်းအတာအထိ အထိမ်းအမှတ် လက်ဆောင်ပစ္စည်း ရောင်းချဖို့ အသေးစား၊ အလတ်စား လက်မှုလုပ်ငန်းရှင်တွေကို အားကစားဝန်ကြီးဌာနက ခွင့်ပြုခဲ့တာပါ။ seagame 2 copy၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲ အထိမ်းအမှတ် လာဘ်ကောင်နဲ့ လိုဂိုတွေ ပါရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေ၊ နိုင်ငံတော်အလံပါရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ စာရေးကိရိယာတွေ၊ ကြွေထည် ပစ္စည်းများ၊ SEA Games အထိမ်းအမှတ် သီချင်းခွေများ၊ တံဆိပ်ခေါင်းများ၊ ကတ်ပြားများ၊ ပန်းချီကားများ၊ အထိမ်းအမှတ် အရုပ်များ၊ ရင်ထိုးနှင့် ပန်းချီဆွဲထားသော ကျောက်တုံးတွေ အစရှိတဲ့ ပစ္စည်းအမျိုးအစား စုံစုံလင်လင်ကို အားကစားကွင်းနဲ့ ရုံတွေမှာ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ အားကစားပြိုင်ပွဲအတွက် ၀င်ခွင့်လက်မှတ်တွေလည်း  လာရောက် ၀ယ်ယူတာတွေ ရှိနေတာ တွေ့ရပါတယ်။  ဒါပေမယ့် နေပြည်တော်မှာ ယှဉ်ပြိုင်နေတဲ့ မြန်မာ့ရိုးရာ ခြင်းလုံး အားကစားပြိုင်ပွဲမှာတော့ ဒေသခံ ပရိသတ်တွေရဲ့  လာရောက်ကြည့်ရှုအားပေးမှု နည်းပါးနေပြီး အစိုးရ၀န်ထမ်း အများစုကိုပဲ ပြိုင်ပွဲအတွင်းမှာ တွေ့ရတယ်လို့ သွားရောက် သတင်းယူနေကြတဲ့ သတင်းထောက်တွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024