လှိုင်သာယာတွင် တာယာစက်ရုံမီးလောင်
DVB
·
July 29, 2021
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် ၁ မှာရှိတဲ့ အနော်ရထာ တာယာစက်ရုံမှာ ဇူလိုင် ၂၈ ရက် ည ၇ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်ရာသို့ လှိုင်သာယာ မီးသတ်တပ်ဖွဲ့က Level -1 ယာဥ်အုပ်စု၊ Level-2 ယာဥ်အုပ်စုတို့နဲ့ ထွက်ခွာမီးငြှိမ်းသတ်ကြပြီး ၇ နာရီခွဲလောက်မှာ မီးထိန်းနိုင်တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းနဲ့ မီးလောင်မှုကြောင့် လူတွေထိခိုက်မှု ရှိ မရှိနဲ့ ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။