မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ဝန်ခြုံးရွာက စစ်ကောင်စီ သတင်းပေးဒလန် အမျိုးသမီး တစ်ယောက်ကို ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းမှာ သုတ်သင်လိုက်တယ်လို့ ပေါက် PDF အဖွဲ့က ပြောပါတယ်။
အဲဒီဒလန်အမျိုးသမီးရဲ့ သားဖြစ်သူဟာလည်း ကိုင်းလယ်ရဲစခန်းမှာ တာဝန်ကျနေတာဖြစ်ပြီး ရွာကလူတွေရဲ့စာရင်းကို PDF ထဲဝင်တယ်လို့ အကြမ်းဖက်စစ်ကောင်စီကို သတင်ပေး ဒလန်လုပ်တာရယ်၊ အင်းစိန်ထောင်တွင်း ဆန္ဒပြတာကိုဖိနှိပ်လို့ လက်တုံ့ပြန်တဲ့အနေနဲ့ သုတ်သင်လိုက်တာလို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီအဖွဲ့တွေဟာ ကြည့်ငိုတောင်ဘက်ကို အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာရာ ပေါက် PDF အဖွဲ့ထောင်ထားတဲ့ မိုင်း ၆ လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပေါက် PDF အဖွဲ့က ပေါက်မြို့က ရဲဝန်ထမ်းအိမ်ရာကိုလည် လက်ဗစ်ဗုံး ၂ လုံး ပစ်သွင်းခဲ့ပြီးတော့ ဗုံးတစ်လုံးပေါက်ကွဲကာ အဲဒီနားက လမ်းတွေကို အဲဒီနားကလမ်းတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် ထိခိုက်ပျက်စီးတဲ့အခြေနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်လောက်ကလည်း ကြည့်ငိုတောင်နဲ့ အနီးတစ်ဝိုက်မှာ မိုင်းထောင်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅၆ ယောက် သေဆုံးခဲ့ပြီး ပေါက် PDF အဖွဲ့က တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။