ထိုင်းဘုရင့်မွေးနေ့အပြီး ဆန္ဒပြပွဲများ ပြန်လည်စတင်ရန် ခြေလှမ်းပြင်

ထိုင်းဘုရင့်မွေးနေ့ပွဲဖြစ်တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ခေတ္တရပ်နားထားတဲ့ အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေကို ပြန်လည်စတင်မယ်လို့ ဆန္ဒပြသူတွေက ဒီဇင်ဘာလ ၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဆန္ဒပြခေါင်းဆောင် ဆူထက် တောင်ဆုဘန် (Suthep Thaugsuban)ကလည်း ဆန္ဒပြပွဲတွေကို ဒီနေ့မှာ ပြန်လည်စတင်နေပြီလို့ ပြောပါတယ်။ Thai anti-Protester copyဆန္ဒပြသူတဦးက “ကျမတို့ရဲ့ ဆန္ဒပြပွဲတွေအရှိန်ကို မြှင့်ပါမယ်။ အစိုးရကို အချိန် သိပ်ပေးလို့ မရပါဘူး။ အချိန်သိပ်ပေးလွန်းရင် အစိုးရတရားဝင်မှုကို အသိအမှတ်ပြုရာ ရောက်ပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆန္ဒပြသူ နောက်တဦးက “ဒီနေ့ ၆ ရက်နေ့ကစပြီးတော့ ကျနော်တို့ဟာ ရှေ့ဆက်သွားဖို့ အဆင်သင့်ပါပဲ။ ခံစစ်အတွက်လည်း ပြင်ဆင်ထားပါတယ်။ ရဲတွေ ဖြိုခွင်းရင် နောက်ထပ် လူတွေအများကြီး ထွက်လာအုံးမှာပါ။”လို့ ပြောပါတယ်။ ထိုင်းအခွန်ဝန်ကြီးဌာန အဆောက်အအုံနားက ဆန္ဒပြသူတွေ တပ်စွဲထားတဲ့နေရာမှာ ထိုင်းဘုရင့် မွေးနေ့ပွဲအပြီး ဒီနေ့ မနက်စောစောပိုင်း ပစ်ခတ်မှုတွေနဲ့ အသေးစားတခု ပေါက်ကွဲမှုတခု ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ “ဒဏ်ရာရသွားတဲ့တယောက်ကတော့ ကျနော်တို့ကို လာရောက်ကူညီနေတဲ့ လုံခြုံရေးဝန်ထမ်းတဦးပါ။ သူက လွန်ခဲ့တဲ့ ၁ ရက်၊ ၂ ရက်က ကျနော်တို့ကို လာရောက်ကူညီရင်း အခုလို ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။” လို့ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ သာဗွန် စီနီယမ်(Thavorn Seniam) က ပြောကြားပါတယ်။ ဆန္ဒပြခေါင်းဆောင် ဆူထက်က  ဒီနေ့ ညနေပိုင်းမှာ ရှေ့ဆက်သွားမယ့်လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေကို မိန့်ခွန်းပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up