မွန်ပြည်နယ် ရေးမြို့နယ် ကိုဗစ် ၁၉ အတည်ပြု လူနာသစ် ဇူလိုင် ၂၇ ရက်နေ့ မှာ ၃၄ဦး ထပ်မံတွေ့ရှိပြီး ၃ဦးထပ်မံ သေဆုံးခဲ့တယ်လို့ ဒေသခံ ပရဟိတသမားတွေက ဆိုပါတယ်။
အခုလို ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်တာကြောင့် ဆရာဝန်နဲ့ ဆေးရုံမှာ ကုသရေး တွေမှာ မနိုင်မနင်းဘဲ ကြုံတွေ့နေရတာရယ် ရောဂါဖြစ်ပွါးသူနဲ့ ထိတွေ့ထားတဲ့ သူတွေ ရာဇဝင်တွေ စစ်ဆေးဖေါ်ထုတ်ဖို့ နေရာမှာ လုံလောက်တဲ့ အခြေနေတွေ မပေးနိုင်တာကြောင့် ပိုးတွေ့လူနာ တွေဟာ မြေပြင်မှာ ဘယ်အထိ ကူးစက်နေပြီးဆိုတာရယ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ မြို့ခံ ပရဟိတလုပ်နေသူ တဦးက ပြောပါတယ်။
ကိုဗစ်နဲ့ သေဆုံးသူအများစုက ရောဂါခံရှိသူတွေ ဖြစ်ကြပြီးတော့ အသက် ၆၀ ကျော်မှာ ပိုပြီး သေဆုံးခဲ့ပါတယ် ရောဂါကူးစက်မှုတွေ ထိန်းမလာနိုင်တာနဲ့ အမျှ မြို့ပေါ်ရပ်ကွက်တွေမှာက တော့ သတ်မှတ်ထားတဲ့ ဈေးက လွှဲပြီးကျန်တာ ရောင်းချခွင့် ပိတ်ထားပါတယ်။
နယ်ကျေးရွာဘက်တွေမှာတော့ ပိုးတွေ့လူနာနှင့် သေဆုံးသူတွေပါ တွေ့ရှိလာတာနဲ့ အမျှ ကျေးရွာ တွေ့က လော့ဒေါင်း ချထားကြပါတယ်။
ရေးမြို့နယ်မှာ ဇူလိုင် ၂၇ ရက်နေ့အထိ ကိုဗစ် လူနာ ၄၃၄ ဦး အထိရှိပြီး ကျန်းမာရေး ပြန်ကောင်းမွန်လာသူ ၁၄၆ ဦး ရှိကာ သေဆုံးသူပေါင်း ၂၂ ဦးအထိ ရှိပါတယ်။