၁ နာရီ ကျပ် ၈ သိန်းဖြင့် လေယာဉ် စင်းလုံး ငှားနိုင်ပြီ
DVB
·
December 6, 2013
မန္တလေး ချမ်းမြသာစည် လေဆိပ်မှာ အခြေပြုမယ့် မြန်မာ့လေကြောင်းပိုင် လူ ၁၁ ယောက်ဆံ့ ဆက်စနာ လေယာဉ်ငယ်လေးတွေဟာ ပျံသန်းချိန် ၁ နာရီ ကျပ် ၈ သိန်း ဒါမှမဟုတ် ဒေါ်လာ ၈၀၀ နှုန်းနဲ့ စင်းလုံးငှား ၀န်ဆောင်မှုပေးမယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
စီးပွားရေးဆိုင်ရာ ကိစ္စတွေ၊ လည်ပတ်ရင်း လှည့်လည် ကြည့်ရှုလိုတာတွေနဲ့ အုပ်စုလိုက် လည်ပတ်လိုသူတွေအတွက် အထူးဈေးနှုန်းနဲ့ ငှားပေးတာလို့ ဆိုပါတယ်။
ခုလို စင်းလုံးငှား ခရီးစဉ်တွေအပြင် ဒီဇင်ဘာလအတွင်းမှာပဲ ပုံမှန် ခရီးစဉ်တွေကိုလည်း ပျံသန်းသွားမယ်လို့ မြန်မာ့လေကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကတွေကို လွတ်လွတ်လပ်လပ် လေယာဉ် စင်းလုံးငှား ၀န်ဆောင်မှု ပေးတာ ဒါ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။