မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၅ လမ်းနဲ့ ၄၆ လမ်းကြား၊ ၁၀၇ လမ်းနဲ့ ၁၀၈ လမ်းကြားရှိ CDM မလုပ်တဲ့ ကျောင်းဆရာမတဦးရဲ့ နေအိမ် ဇူလိုင် ၂၆ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်က လက်လုပ်ဗုံးနဲ့ ပစ်ခံရတယ်လို့ သိရပါတယ်။
ဆိုင်ကယ်တစ်စီးနဲ့ လူ ၂ ယောက်က ပစ်သွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာနဲ့ ကြီးကြီးမားမား ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ ရပ်ကွက်နေ ပြည်သူတချို့ က ပြောပါတယ်။
“ပေါက်ကွဲသံကတော့ အကျယ်ကြီးကြားလိုက်ရတယ်။ လူထိခိုက်တာတော့မရှိဘူး။ ဝန်းခတ်ထားတာလေး ပျက်စီးတာ။ ပေါက်ကွဲတာက ပြင်းတယ်။ ပတ်ဝန်းကျင်က သံတံခါးတွေတောင် ပေါက်သွားတယ်။ “ လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ ကား ၂ စီး နဲ့ ရောက်လာပြီး စစ်ဆေးတာတွေလုပ်ကာ ပြန်သွားကြတယ်လို့ သိရပါတယ်။