ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ ထောင်ဒဏ် ချမှတ်ခံရ
DVB
·
December 5, 2013
ပြီးခဲ့တဲ့ ဇန်န၀ါရီလက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရည်ရွယ်ပြီး ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် လိုင်ဇာအထိ ခရီးရှည်လမ်းလျှောက်တဲ့သူတွေကို ထောင်ဒဏ် စီရင်ချက်တွေ ချမှတ်လိုက်ပါတယ်။
[caption id="attachment_47731" align="alignright" width="300"] ကချင်ဒေသ တစ်ကျော့ပြန်စစ် နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ
အစီအစဉ် ပိတ်ပင်တားဆီးခံရစဉ် (Photo - Maran Jawgun FB)[/caption] ကချင်ပြည်နယ်ထိ ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျောက်ရာမှာ ခေါင်းဆောင်ပါဝင်ခဲ့ တဲ့ ကိုရန်နိုင်ထွန်း၊ ကိုအောင်မင်း နိုင်တို့ကို ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၇ခုက ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့် လည်တာကို စွဲဆိုထားတဲ့ အမှုအတွက် မြို့နယ် တမြို့နယ်ကို ငွေဒဏ် တသောင်းကျပ် ပေးဆောင်ဖို့ လှိုင်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလှုပ်ရှားသူတွေက အပြစ်မရှိဘူးလို့ ယူဆပြီး ငွေဒဏ်ကို ငြင်းပယ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၇ လ ချမှတ်တာ ဖြစ်တယ်လို့ လိုင်ဇာကို လမ်းလျှောက်ရာမှာ ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ ကိုဇင်ကိုကိုက ပြောပါတယ်။ “ဘာတွေ ဦးစားပေးပြောချင်လဲဆိုတော့ လက်ရှိ ကျနော်တို့ အမှုတွေ စီရင်ချက်ချ အမှုစစ်တဲ့အခါမှာ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးက ကွဲပြားမှုမရှိဘူးဆိုတာ သွားတွေ့ရတယ်။ ကျနော်တို့အမှုကို ဒီနေ့လို အမိန့်ချတဲ့အချိန်မှာ အထက်က ဖိအားပေးတယ်ဆိုတဲ့ ကဏ္ဍတွေ သွားတွေရတယ်။ အုပ်ချုပ်ရေးရဲ့ အောက်မှာ တရားစီရင်ရေး ရှိနေတယ်ဆိုတာ သွားတွေ့ရတယ်။” အခုနှစ်ဆန်းပိုင်းက ကချင်လက်နက်ကိုင်တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန် ဖြစ်ပွားနေချိန်မှာ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ရည်ရွယ်ပြီး ရန်ကုန်ကနေ ကချင်ပြည်နယ်ထိ မိုင်ပေါင်း ၁ ထောင်ကျော်ခရီးကို ၅၆ ရက်ကြာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ခရီးလမ်းတလျှောက် မြို့နယ် ရာနဲ့ချီ ဖြတ်သန်းခဲ့ရာမှာ ခု ရန်ကုန်တိုင်း အတွင်း မြို့နယ်တွေဖြစ်တဲ့ ကျောက်တံတား၊ ပန်ဘဲတန်း၊ လသာ၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ လှိုင်မြို့နယ်တို့က ပထမဆုံး တရားစွဲဆိုပစ်ဒဏ်တွေ စီရင်ခဲ့တာလည်း ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၁၁ ၇က်နေ့မှာ အလုံမြိုနယ် တရားရုံးက ထပ်မံ အမိန့်ချမှတ်ဖို့ ရှိနေပါသေးတယ်။ အလားတူ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း လက်ပံတောင်းတောင် နှစ်ပတ်လည် အထိမ်း အမှတ်အဖြစ် ဆူးလေဘုရားကနေ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒပြခဲ့ပြီး တရုတ် နိုင်ငံတော် အလံကို မီးရှို့ခဲ့မှုကြောင့် Generation Youth အဖွဲ့က ကိုတင်ထွဋ်ပိုင်ကို ဒဂုံမြို့နယ် ရဲစခန်းက နိုင်ငံတော်ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်သည့်ပြစ်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုကာ အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။