အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဦးဆောင်မှုနဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဦး ( PDF) အပတ်စဉ် (၇/၂၀၂၁) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
စစ်သင်တန်းဆင်းပွဲအခမ်းအနားမှာ PDF အလံတော်ကို အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်ပြုခြင်း၊ သစ္စာရေသောက်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပေးပို့တဲ့ သဝဏ်လွှာဖတ်ကြားခြင်းတွေပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် သင်တန်းကျောင်းနဲ့ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူအကြီးအကဲတွေက ဩဝါဒစကားပြောကြားခဲ့ပြီး ဖယ်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည်တွေကို တစ်မိနစ် ငြိမ်သက်အလေးပြုခဲ့ကြပါတယ်။