Home
မြန်မာသတင်း
မိတ္ထီလာခရိုင်၌ သံဃာတော်၊ စစ်ဆရာဝန်နှင့် သူနာပြုအပါအဝင် ကိုဗစ်-၁၉ ကူးစက်ခံ ၁၆၈၅ ဦးရှိ
DVB
·
July 25, 2021

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်မှာ  သံဃာတော်တွေ၊ စစ်ဆရာဝန်နဲ့ သူနာပြုတွေအပါအဝင် ခရိုင်တခရိုင်လုံးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၁၆၈၅ ဦးရှိလာပြီလို့ ကျန်းမာရေးဌာနက သိရပါတယ်။

ဇူလိုင် ၂၄ ရက်က သာစည်ဆေးရုံ ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့ စစ်ဆရာဝန်ဗိုလ်ကြီးတစ်ဦးနဲ့  သူနာပြုဆရာမ ၃ ဦး အပါအဝင်  ၂၃ ဦးမှာ ကိုဗစ်-၁၉  ပိုး စစ်ဆေးတွေ့ရသလို  မလှိုင်မြို့က  သံဃာ ၃၅ ပါးလည်း ကိုဗစ်ရောဂါပိုး တွေ့ရတယ်လို့ ကျန်းမာရေးဌာန ဝန်ထမ်း ၁ ဦးက  ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းကာလ  ခရိုင်ထဲက ၄ မြို့နယ်လုံးမှာ ကျန်းမာရေးဝန်ထမ်းတွေ သံဃာတော်တွေပါ  ကိုဗစ်ပိုး ကူးစက်ခံနေရပြီး  ကူးစက်နှုန်းမြန်တဲ့အတွက် ဂရုစိုက်ကြဖို့လည်း ပြောပါတယ်။

မိတ္ထီလာခရိုင် ၄ မြို့နယ်ပေါင်းမှာ ကိုဗစ်-၁၉ ဖြစ်ပွားသူ ၁၆၈၅ ဦး၊ ရောဂါကုသပျောက်ကင်းသူ ၅၃၉ ဦး၊  ဆေးကုသမှုဆက်လက်ခံယူနေသူ  ၁၁၁၅ ဦးနဲ့  သေဆုံးသူ ၃၁ ဦး ရှိနေပါတယ်။

မိတ္ထီလာမြို့နယ်မှာတော့  ကိုဗစ်ရောဂါဖြစ်ပွားသူ ၅၆၂ ဦးအနက် ၁၀၄ ဦး ကုသပျောက်ကင်းပြီး သံဃာတော်တစ်ပါးအပါ ၁၃ ဦး သေဆုံးထားပါတယ်။ သာစည်မှာတော့ ကိုဗစ်ရောဂါဖြစ်ပွားသူ ၃၂၇ ဦးအနက် ၂၁၅ ဦး ကုသပျောက်ကင်းပြီး သံဃာတော်တစ်ပါးအပါ ၈ ဦး သေဆုံးထားပါတယ်။ 

ဝမ်းတွင်းမှာ ကိုဗစ်ရောဂါဖြစ်ပွားသူ ၅၅၉ ဦးအနက် ၁၄၅ ဦး ကုသပျောက်ကင်းပြီး ၉ ဦး သေဆုံးထားပါတယ်။ မလှိုင်မှာတော့  ကိုဗစ်ရောဂါဖြစ်ပွားသူ ၂၃၇ ဦးအနက် ၇၅ ဦးလောက် ရောဂါကုသပျောက်ကင်းပြီး ၁ ဦး သေဆုံးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024