တိုကျိုအိုလံပစ် ကြက်တောင်ရိုက်ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် သက်ထားသူဇာ ၂ ပွဲပြတ်ရှုံးနိမ့်

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇူလိုင် ၂၅ ရက် ဒီနေ့မနက်က ကျင်းပတဲ့  အိုလံပစ်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲ အုပ်စု (M) ပွဲစဉ်မှာ  မြန်မာကြက်တောင်ရိုက် အားကစားမယ် သက်ထားသူဇာက ပြိုင်ဘက် အင်ဒိုနီးရှား ကြက်တောင်မယ်ကို ၂ ပွဲ ပြတ်ရှုံးနိမ့်သွားပါတယ်။ 

ကမ္ဘာ့အဆင့် ၆၅ ရှိတဲ့ သက်ထားသူဇာဟာ  ကမ္ဘာ့အဆင့် ၂၃ ရှိတဲ့ အင်ဒိုနီးရှားပြိုင်ဘက် ဂရက်ဂိုရီယာ မာရစ်ကာ တွန်းဂျွန် ကို ပထမပွဲငယ်မှာ ( ၂၁-၁၁) မှတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယ ပွဲငယ်မှာလည်း ( ၂၁- ၈) မှတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

အုပ်စု(M)မှာ ပါဝင်ယှဉ်ပြိုင်ကစားနေတဲ့ သက်ထားသူဇာဟာ နောက်တစ်ပွဲအဖြစ် ကမ္ဘာ့အဆင့် ၃၈ ရှိ ဘယ်လ်ဂျီယံတင်းနစ်မယ် တန်လီရန်းနဲ့ လာမယ့် ဇူလိုင် ၂၇ ရက်နေ့မှာ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုပထမရသူတစ်ဦးတည်းသာ နောက်တဆင့်ကို တက်နိုင်မှာဖြစ်ပါတယ်။    

လက်ရှိ ကျင်းပနေတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား ၂ ယောက်သာ ပါဝင်ယှဉ်ပြိုင်တာဖြစ်ပြီး  သေနတ်ပစ်အားကစားသမား ရဲထွန်းနောင်ဟာလည်း အမျိုးသား ၁၀ မီတာ လေသေနတ် ပစ္စတိုပြိုင်ပွဲမှာ အဆင့် ၁၄ သာရလို့  ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up