မြင်းခြံအဖြူရောင်လက်များပရဟိတအသင်း ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

ဦးအေးချမ်းနိုင် ကွယ်လွန်ခြင်းအတွက် အသင်းသားများက သက်ပျောက်ဆွမ်းဆက်ကပ်နေကြစဉ်

မြင်းခြံမြို့နယ် အဖြူရောင်လက်များပရဟိတအသင်း ဥက္ကဋ္ဌ ကော်မတီ ဥက္ကဋ္ဌ ဦးအေးချမ်းနိုင် ဇူလိုင် ၂၅ ရက်မနက် က ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

အသင်းတာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ဥက္ကဋ္ဌကြီး ဦးအေးချမ်းနိုင် ကိုဗစ်ရောဂါကူးစက်ခံရပြီး ကုသနေရာက ဒီနေ့ မနက် ၁၀ နာရီလောက်ကပဲ ကွယ်လွန်သွားပါပြီ၊ ဆူးဖြူကုန်းသုသာန်မှာ သင်္ဂြိုဟ်မှာပါ” လို့ ပြောပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ကလည်း အဖြူရောင်လက်များအသင်း ဒုဥက္ကဋ္ဌရဲ့ ဇနီးဖြစ်သူ ကိုဗစ် ကူးစက်ခံရပြီး ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

More News
Up