မြန်မာရေလုပ်သား ၈ ဦးကို သတ်သူများ ထောင် ၉ လစီ ချမှတ်ခံရ

အင်ဒိုနီးရှားနိုင်ငံ ဘာလာဝမ်ဆိပ်ကမ်းမြို့က လူဝင်မှုကြီးကြပ်ရေးဌာနမှာ အထိန်းသိမ်းခံထားရတဲ့  မြန်မာ ရေလုပ်သား ၈ ဦး ကို သတ်မှုနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ ၁၄ ဦးကို ထောင်ဒဏ် ၉  လစီအပြစ်ပေးလိုက်တယ်လို့ အေဂျင်စီသတင်းတွေမှာဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ထိန်းသိမ်းရေးစခန်းမှာ  ပြင်းပြင်းထန်ထန် ခိုက်ရန်ဖြစ်ပွားတဲ့အတွက် ၈ ယောက် သေဆုံးပြီး  ၁၅ ယောက် ဒဏ်ရာ ရသွားပါတယ်။ Indoသေဆုံးသူ ၈ ယောက်ဟာ  မြန်မာ ရေလုပ်သားတွေ ဖြစ်ပြီး ဒဏ်ရာရသူတွေက မြန်မာနိုင်ငံက လာတယ်ဆိုတဲ့  ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။ အခု ပြစ်မှုနဲ့ ပက်သက်ပြီး  အနည်းဆုံး ၂ နှစ်ကနေ ၁၂ အထိ အပြစ်ပေးနိုင်ပေမယ့် တရားသူကြီးက ၉  လပဲ အပြစ်ပေးတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ တရားခံရှေ့နေတွေကတော့ လုံလောက်တဲ့သက်သေတွေ မရှိဘူးလို့ ပြောပြီး အယူခံတက်ဖို့ စီစဉ်နေတယ်လို့  သတင်းတွေမှာ ဖော်ပြပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာငါးဖမ်းလုပ်သား ၁၁ ယောက်နဲ့  အစ္စလာမ်ဘာသာဝင် ၁၀၀ ကျော် နေထိုင်တဲ့ အဲဒီစခန်းမှာ  မြန်မာပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့  အကြမ်းဖက်မှုအပေါ်  အငြင်းပွားရာကနေ လူအများအပြား သေတဲ့အထိ ခိုက်ရန် ဖြစ်ပွားခဲ့တာလို့ ထိန်းသိမ်းရေးစခန်း တာဝန်ခံအရာရှိက ပြောပါတယ်။ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲဟာ ၂ နာရီလောက် ကြာခဲ့ပြီး သစ်သားချောင်းတွေ၊ သံချောင်းတွေ အုတ်ခဲတွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုဟာ ၂ နာရီကျော်ကြာ ဖြစ်ခဲ့တဲ့အတွက်  စခန်းလုံခြုံရေးအဖွဲ့အပေါ် သံသယရှိတဲ့အကြောင်းလည်း ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up