ဟစ်ဘိုလာအဖွဲ့ စစ်ရေးခေါင်းဆောင် လုပ်ကြံခံရ

ဟစ်ဘိုလာအဖွဲ့ရဲ့ စစ်ရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဟက်ဆန် အယ်လ် လာကွစ် (Hassan al-Laqqis) ဟာ ဒီဇင်ဘာ ၄ ရက်နေ့ ညသန်းခေါင်အချိန် အိမ်ကိုပြန်လာစဉ် အိမ်နားမှာပဲ အနီးကပ် ပစ်သတ်ခံခဲ့ရပါတယ်။ သူဟာ ဆီးရီးယားပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်နေပြီး ၂၀၀၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ၃၄ ရက်ကြာ အစ္စရေး-ဟစ်ဘိုလာစစ်ပွဲမှာလည်း အဓိကခေါင်းဆောင်တဦး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 232027_simpatisan-hizbullah-pada-pemakaman-hassan-al-laqqis_663_382ဒီ လုပ်ကြံမှုဟာ အစ္စရေးရဲ့လက်ချက် ဖြစ်တယ်လို့ ဟစ်ဘိုလာအဖွဲ့က ချက်ချင်းပဲ စွပ်စွဲခဲ့ပါတယ်။ အစ္စရေးကတော့ ဒီစွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပြီး ဆီးရီးယားပြည်တွင်းစစ်မှာ ဟစ်ဘိုလာဟာ သမ္မတ ဘာရှားအယ်လ် အာဆတ်ဘက်က ၀င်တိုက်ပေးနေတာကြောင့် တဖက် ဆွန်နီဂိုဏ်းဝင် မွတ်စလင်တွေရဲ့ လုပ်ကြံတာပဲ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လန်ဒန်အခြေစိုက် Jane’s စစ်ရေးမဂ္ဂဇင်းရဲ့ သုံးသပ်သူ ချားလ် လစ်စတာ (Charles Lister) ကတော့ မနေ့က လုပ်ကြံမှုဟာ အဆင့်အတန်းမြင့် ကြိုတင်ပြင်ဆင်ပြီးတဲ့ လုပ်ကြံမှု ဖြစ်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က ဆီရီးယားမြို့တော် ဒမတ်စကပ်မြို့ကားဗုံးပေါက်ကွဲမှုအတွင်း ဟစ်ဘိုလာအဖွဲ့ရဲ့ စစ်ရေးခေါင်းဆောင်တဦးဖြစ်တဲ့ အာမက် မော်ဟင်ရာ (Imad Moughniyah) လုပ်ကြံခံရတုန်းကလည်း အစ္စရေးလက်ချက်ဖြစ်တယ်လို့ ဟစ်ဘိုလာက စွပ်စွဲခဲ့ပါသေးတယ်။

More News
Up