ရေစကြို စည်ပင်ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ
DVB
·
July 24, 2021
မကွေးတိုင်း၊ ရေစကြိုမြို့က စည်ပင်ရုံးဝင်းအတွင်းမှာ ဇူလိုင် ၂၃ ရက်နေ့ည ၇ နာရီဝန်းကျင်လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “စည်ပင်ရုံးဝင်းအတွင်းက ဆောက်လက်စအဆောက်အအုံနားမှာ ပေါက်တာ။ အသံကတော့အကျယ်ကြီး ကြားရတယ်။ ထိခိုက်ဒဏ်ရာရရှိမှုတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ရေစကြိုမြို့မှာ မကြာသေးခင်ရက်အနည်းငယ်ကလည်း မြို့နယ်လျှပ်စစ်ရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။