Saturday, June 3, 2023
HomeCOVID19တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုင်ငံ ၁၀၀ ကျော်က အတည်ပြုခဲ့ဟု တရုတ်အစိုးရပြော

တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုင်ငံ ၁၀၀ ကျော်က အတည်ပြုခဲ့ဟု တရုတ်အစိုးရပြော

တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုင်ငံပေါင်း ၁၀၀ ကျော်ကအတည်ပြုခဲ့ပြီး နိုင်ငံပေါင်း ၃၀ ရဲ့ ခေါင်းဆောင်တွေဟာ လူသိရှင်ကြား ကာကွယ်ဆေးထိုးခံခဲ့ကြကြောင်း တရုတ် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီဂျန်းက ပေကျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သီရိလင်္ကာနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Sri Jayewardenepura တက္ကသိုလ်မှ သုတေသီတွေက တရုတ်ရဲ့ Sinopharm ကိုဗစ်ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ပတ်သက်ပြီး လေ့လာမှုအစီရင်ခံစာကို ဇူလိုင် ၂၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

 အစီရင်ခံစာအရ Sinopharm ကာကွယ်ဆေး နှစ်ကြိမ်ထိုးခံထားရသူ ၉၅ ရာခိုင်နှုန်းဟာ antibodies ကိုယ်တွင်းပဋိပစ္စည်းတွေ ကောင်းကောင်းထွက်ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူတွေရဲ့ ၈၁ ဒသမ ၂၅ ရာခိုင်နှုန်းဟာလည်း အန္တရာယ်မရှိတဲ့ ပဋိပစ္စည်းတွေ ထွက်တယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် Sinopharm ကာကွယ်ဆေးဟာ ကမ္ဘာအနှံ့အပြားမှာ လွှမ်းမိုးထားတဲ့ ဒလ်တာမျိုးပြောင်း ရောဂါပိုးအပေါ် အလွန်ထိရောက်ရှိမှုရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာအပေါ် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုင်ငံပေါင်းများစွာက နိုင်ငံရေးခေါင်းဆောင်တွေကလည်း ကူးစက်ကပ်ဘေး တိုက်ဖျက်ရာမှာ တရုတ်ကာကွယ်ဆေရဲ့ အရေးပါတဲ့ ပံ့ပိုးမှုတွေကို သူတို့နိုင်ငံတွေ ပြောပြကြကြောင်း၊ တရုတ်ကာကွယ်ဆေးထိုးထားတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ နေထိုင်သူတွေကလည်း တရုတ်ကာကွယ်ဆေးတွေကိုထောက်ခံကြောင်း ပြောသွားပါတယ်။ 

တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်ဆေးကို လက်လှမ်းမီမီ ရရှိနိုင်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူကောင်းကျိုးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာစေဖို့ အမြဲတတစေ တောင်းဆိုခဲ့ကြောင်းလည်း ပြောသွားပါတယ်။ 

အခုချိန်ထိ တရုတ်နိုင်ငံဟာ နိုင်ငံနဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်အတွက် ကာကွယ်ဆေး သန်း ၅၀၀ ကျော် ပံ့ပိုးပေးခဲ့တယ်လို့လဲ ဆိုပါတယ်။ 

တရုတ်နိုင်ငံဟာ ကမ္ဘာကြီးကို အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပိုပြီးလုံခြုံစိတ်ချရတဲ့ ထိရောက်တဲ့ကာကွယ်ဆေးတွေပေးဖို့ တခြားနိုင်ငံတွေနဲ့အတူ ဆက်လက်လုပ်ကိုင်သွားဖို့ ဆန္ဒရှိကြောင်း၊ ဒါမှသာ ကမ္ဘာအနှံ့အပြားမှာ ကာကွယ်ဆေးတွေ မျှမျှတတ ဖြန့်ဖြူးပြီး အသုံးပြုဖို့လည်း မြှင့်တင်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်စေမှာဖြစ်တယ်လို့ ပြောသွားပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular