ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ဇူလိုင် ၂၂ ရက် ဒီနေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ အတည်ပြုလူနာ ၅ ဦး သေဆုံးသွားတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။
မိုးကောင်းမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း သီးသန့်ဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်လူနာ အမျိုးသား ၂ ဦး က မနက်ပိုင်းမှာသေဆုံးသွားပြီး မွန်းလွဲပိုင်းမှာ အမျိုးသမီး ၂ ဦး နဲ့ အမျိုးသား ၁ ဦး ထပ်မံသေဆုံးသွားတာလို့ ကျန်းမာရေး ဝန်ထမ်းတစ်ဦးကပြောပါတယ်။
ကိုဗစ်တတိယလှိုင်းအတွင်း ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၁ ဦး ရှိကာ ဇူလိုင် ၂၁ ရက်နေ့ကစတင်ပြီး Stay at Home အမိန့်ထုတ်ထားပါတယ်။