Home
မြန်မာသတင်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး လူမှုကွန်ရက် ဖွဲ့စည်း
DVB
·
December 4, 2013
ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိကျင်းပတဲ့ ငြိမ်း​ချမ်း​ရေး​နဲ့ ​ဖွံ့ဖြိုး​တိုး​တက်​ရေး​ဆိုင်​ရာ ​အ​ရပ်​ဘက် ​လူ့အ​ဖွဲ့အ​စည်း​ရဲ့ အ​ခန်း​ကဏ္ဍ ​ဆွေး​နွေး​ပွဲကနေ မြန်မာနိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး လူမှုကွန်ရက်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ 04122013အသစ်ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး လူမှုကွန်ရက်အဖွဲ့ဟာ အခုဆွေးနွေးပွဲရဲ့ ရလဒ်တွေကို လုပ်ငန်းအဖွဲ့တွေကနေပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ စစ်မက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ လူသားချင်းစာနာတဲ့ ကိစ္စရပ်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့် နှိုးဆော်သွားမှာဖြစ်ပြီး စစ်ဘေး ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ဖို့နဲ့ နေရပ်အသီးသီးကို ပြန်နိုင်ရေး စတဲ့ ရလဒ်တွေ ရရှိခဲ့တယ်လို့ ဆွေးနွေးပွဲကို ဦးဆောင် စီစဉ်တဲ့ မျိုးဆက်သစ် (ရှမ်းပြည်)အဖွဲ့က ဦးညီညီမိုးက ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့  ဆွေးနွေးပွဲရလဒ်တွေကို အစိုးရနဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်း အသီးသီးကို ပေးပို့သွားမယ်လို့ ဦးညီညီမိုးက ပြောပါတယ်။ "အခုရလဒ်ကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာအသီးသီး အစိုးရအဖွဲ့၊ လွှတ်တော်တွေ ဆွေးနွေးပွဲ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ ပို့သွားမယ်။ ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်။ အခုငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအနေနဲ့ ကျနော်တို့ အရပ်ဘက် လူ့အဖွဲ့အစည်း အခန်းကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ချက်ချထားတယ်။ ဒေသအသီးသီးက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ခံစားနေရတဲ့ ဒုက္ခတွေ အကျပ်အတည်းတွေကို ပွင့်ပွင့်လင်းလင်း ကြားသိရတာပေါ့နော်။" အခုဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးလူမှု ကွန်ယက်အနေနဲ့ နိုင်ငံတော် တည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်လိမ့်မယ်လို့လည်း ဆွေးနွေးပွဲတက်ရောက်တဲ့ အင်း ယဉ်ကျေးမှု စာပေအဖွဲ့က ဒေါ်ခင်စိုးဝင်း က ပြောပါတယ်။ “ငြိမ်းချမ်းရေးလူမှု ကွန်ရက်အဖွဲ့ကပဲ နိုင်ငံတော်ရဲ့ တည်ဆောက်တဲ့နေရာမှာ ကျမတို့ အများကြီး အထောက်အကူပေးနိုင်လိမ့်မယ်လို့ ထင်တယ်။” ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲရလဒ်တွေကို ရှင်းလင်းတင်ပြတဲ့ပွဲမှာ  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အဖွဲ့ဝင်များနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို ဖိတ်ကြားထားပေးမယ့် တက်ရောက်လာခြင်း မရှိဘူးလို့ ဆွေးနွေးပွဲဦးဆောင်ကျင်းပတဲ့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးဖြစ်ကြတဲ့ အင်းရေးရာဝန်ကြီး ဦးဝင်းမြင့်၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ၀န်ကြီး ဦးစိုင်းထွန်းရင် တက်ရောက်ခဲ့ပြီး လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီများနဲ့ လူမှုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။ ငြိမ်း​ချမ်း​ရေး​နဲ့ ​ဖွံ့ဖြိုး​တိုး​တက်​ရေး​ဆိုင်​ရာ ​အ​ရပ်​ဘက် ​လူ့အ​ဖွဲ့အ​စည်း​ရဲ့ အ​ခန်း​က​ဏ္ဍ ​ဆွေး​နွေး​ပွဲ​ကို ​ရှမ်း​ပြည်​နယ် ​တောင်​ကြီး​မြို့ ​စိန့်ဂျိုး​ဇက် ​အောက်​မေ့​ဘွယ် ​ဓ​မ္မာ​ရုံ​မှာ ​ဒီ​ဇင်​ဘာ ၁ ​ရက်​နေ့က​နေ ၄ ​နေ့အ​ထိ ​မျိုး​ဆက်​သစ် (​ရှမ်း​ပြည်)က ​ဆွေး​နွေး​ပွဲ​ကို ​ဦး​ဆောင် ​ကျင်း​ပ ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024