ရိုးရာခြင်းလုံးတွင် မြန်မာအမျိုးသားအသင်း ရွှေတံဆိပ် ဆွတ်ခူး

နေပြည်တော်မှာ ရှိတဲ့ ၀ဏ္ဏသိဒ္ဓိကွင်းမှာ ယှဉ်ပြိုင်တဲ့ မြန်မာ့ရိုးရာ ခြင်းလုံးခတ် အခြေခံအတွဲ ပြိုင်ပွဲမှာ မြန်မာအမျိုးသားက ထိုင်းအသင်းကို အနိုင်ယူပြီး ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။ menမြန်မာအမျိုးသားဟာ ပွဲစဉ်တလျှောက်လုံးမှာ အမှတ်အများဆုံးနဲ့ ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီး ဒုတိယ အမှတ်အများဆုံးဖြစ်တဲ့ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ရရှိခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားပြိုင်ပွဲမှာ အိမ်ရှင် မြန်မာ၊ မလေးရှား၊ လာအို၊ စင်ကာပူနဲ့ ထိုင်းအသင်းတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာအမျိုးသားအသင်းက စုစုပေါင်း ၆၃၆ မှတ်နဲ့ အမှတ်အများဆုံး ရရှိပြီး ထိုင်းက ၄၀၇ မှတ်နဲ့  ဒုတိယ၊ လာအိုအသင်းက ၃၄၄ မှတ်နဲ့  တတိယ၊ မလေးရှားက ၂၄၆ မှတ်နဲ့ စတုတ္တ၊ စင်ကာပူက ၁၅၆ မှတ်နဲ့ ပဉ္စမ ချိတ်သွားခဲ့တာ ဖြစ်ပါတယ်။ အမှတ်အများဆုံး ရတဲ့ မြန်မာနဲ့ ထိုင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် ထိုင်းအသင်းက ၄၀၄ မှတ်သာ ရရှိပြီး မြန်မာအသင်းက ၆၆၀ မှတ်နဲ့ အနိုင်ရရှိပြီး ရွှေတံဆိပ်ရရှိခဲ့တာ ဖြစ်ပါတယ်။ မလေးရှားနဲ့ လာအိုတို့ကတော့ ပူးတွဲ တတိယဆုတွေ ရရှိသွားတယ်လို့ သိရပါတယ်။ မြန်မာ့ ရိုးရာ ခြင်းလုံးခတ် အားကစားနည်းကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲမှာ ပထမဆုံး ထည့်သွင်း ကျင်းပနိုင်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up