ဆီးဂိမ်းတွင် ထိုင်းဘောလီဘောအသင်း ရွှေဆုယူမည်ဟုဆို

ြမန်မာ့လက်ေရွးစင် အမျုိးသမီး ဘောလီဘော အသင်း ေလ့ကျင့်ေနစဉ် (ဓာတ်ပံု - 27seagames2013.com)
မြန်မာနိုင်ငံမှာ  ကျင်းပတော့မယ့်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ  ဆီးဂိမ်းမှာ ထိုင်း အမျိုးသမီးဘော်လီဘောအသင်းမှာ ထိပ်တန်း ကစားသမားတွေပါဝင်ပြီး  ရွှေတံဆိပ်ရရှိဖို့ အသင့်ဖြစ်နေပြီလို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားဖော်ပြပါတယ်။ [caption id="attachment_47658" align="alignleft" width="300"]မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလီဘော အသင်း လေ့ကျင့်နေစဉ် (ဓာတ်ပုံ - 27seagames2013.com) မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလီဘော အသင်း လေ့ကျင့်နေစဉ် (ဓာတ်ပုံ - 27seagames2013.com)[/caption]အာရှရဲ့ ထိပ်တန်း ချန်ပီယံအသင်းတသင်းဖြစ်တဲ့ ထိုင်းအမျိုးသမီးဘော်လီဘော အသင်းဟာ လတ်တလော  ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ချန်ပီယံကြီးများဖလား World Grand Champions Cup ပြိုင်ပွဲမှာ ရုရှကို ပထမဆုံး အနိုင်ယူပြီး  အောင်ပွဲရထားတာပါ။ ထိုင်းနိုင်ငံ ဘော်လီဘောအသင်း ဥက္ကဋ္ဌ ဆွမ်ပွန် ချိုင်ဘန်င်ယန်ကတော့ ထိုင်း ဘော်လီဘောအသင်းအနေနဲ့  မြန်မာ ဆီးဂိမ်းမှာယှဉ်ပြိုင်ဖို့ အကောင်းဆုံးအသင်းကို စေလွှတ်သွားဖို့ လိုအပ်နေပြီး    လူငယ်ကစားသမားတွေကတော့  ဗီယက်နမ်အသင်းကို ယှဉ်ပြိုင် အနိုင်ယူနိုင် ရလာက်အောင် စွမ်းရည်မပြည့်သေးဘူးလို့  ပြောပါတယ်။ ဒါ့ပြင် ထိပ်တန်းလက်ရွေးစင် ကစားသမား အတော်များများက အသက်ကလေးတွေ ရလာကြပြီး ပွဲတွေ သိပ်အများကြီးကို လိုက်မကစားနိုင်တော့ဘူးလို့လည်း ဆွမ်ပွန်က ဆိုပါတယ်။ နည်းပြဖြစ်တဲ့ ကီယက်တစ်ပွန် ရဒ်ချာ တာဂရီယန်ကိုင်ကတော့  သူနဲ့ သူ့အသင်း ကစားသမားတွေဟာ ဆီးဂိမ်းမှာ ချန်ပီယံဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်ဖို့ အတော်ကြိုးစားရမှာပါလို့ ပြောပါတယ်။ ဆီးဂိမ်း အမျိုးသမီးဘောလီဘောပြိုင်ပွဲတွေကို ဒီဇင်ဘာ ၁၃ ၇က်ကနေ ၂၀ ရက်ထိ ကျင်းပမှာဖြစ်ပြီး အိမ်ရှင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နဲ့ ဗီယက်နမ် အသင်းတို့ ပတ်လည် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up