ပါလက်စတိုင်းခေါင်းဆောင် အဆိပ်ခတ်ခံရပြီး သေဆုံးခြင်းမဟုတ်ဟုဆို

ယာဆာအာရာဖတ
ပါလက်စတိုင်း ခေါင်းဆောင် ယာဆာအာရာဖတ်ဟာ အဆိပ်ခတ်ခံရပြီး သေဆုံး ခဲ့တယ်ဆိုတဲ့ အစောပိုင်းက ယူဆချက်တွေဟာ မှားယွင်းတယ်လို့ ပြင်သစ်မှုခင်းဆေးပညာဌာနက နောက်ဆုံး အဖြေထုတ်လိုက်ပါတယ်။ [caption id="attachment_47646" align="alignleft" width="300"]ယာဆာအာရာဖတ ယာဆာအာရာဖတ[/caption] အခု နောက်ဆုံးအဖြေဟာ ၂၀၀၄ ခုနှစ်က ပါလက်စတိုင်းခေါင်းဆောင် သေဆုံးမှုနဲ့ ပတ်သက်လို့ ဆွစ်ဇာလန်နိုင်ငံက တွေ့ရှိထားချက်နဲ့ ပြောင်းပြန် ဖြစ်ပါတယ်။ မကြာခင်တုန်းကပဲ ယာဆာ အာရာဖတ်ရဲ့ဇနီး ဆူဟာ အာရာဖတ်က သူ့ခင်ပွန်းကို လူရင်းတယောက်က နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ ပြောထားပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ဆူဟာ အာရာဖတ်က “ဒီကိစ္စနဲ့ ပတ်သက်လို့ ဥရောပရဲ့ အတော်ဆုံးသူတွေရဲ့ တွေ့ရှိချက်တွေမှာ ရှေ့နောက်မညီ ဖြစ်နေတာဟာ တုန်လှုပ်စရာပါပဲ” လို့ ကြေညာချက် ဖတ်ကြားသွားပါတယ်။ ယာဆာအာရာဖတ်ဟာ သူ့အသက် ၇၅ နှစ်အရွယ် ၂၀၀၄ ခုနှစ် နိုဝင်ဘာလထဲမှာ ပြင်သစ်က ဆေးရုံတရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သေဆုံးရတဲ့ တရားဝင်အကြောင်းကို ပြင်းထန်တဲ့ လေဖြတ်ရောဂါလို့ ကြေညာခဲ့တာပါ။ ဒါပေမယ့် အဲဒီအချိန်တုန်းက ပြင်သစ်ဆရာဝန်တွေက ရောဂါအရင်းအမြစ်ကို တိတိကျကျ မထုတ်ပြန်နိုင်ခဲ့ပါဘူး။ သေမှုသေခင်း ဆေးစစ်တာတွေလည်း မဆောင်ရွက်ခဲ့ပါဘူး။ လွန်ခဲ့တဲ့လတုန်းကတော့ ဆွစ်ဇာလန်နိုင်ငံက သေမှုသေခင်း ဆေးပညာဌာနက အာရာဖတ်ရဲ့ ရုပ်ကြွင်းနမူနာကို စစ်ဆေးကြည့်တဲ့အခါမှာ ပိုလိုနီယံ  (Polonium) အဆိပ်သင့် ထားတဲ့ လက္ခဏာမျိုး တွေ့ခဲ့ရတယ်လို့ အငြင်းပွားဖွယ် ကြေညာချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

More News
Up