Home
မြန်မာသတင်း
အာဆီယံတွင် မြန်မာက ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု အမြင့်ဆုံးအဆင့် ၄ ဖြစ်လာ
DVB
·
July 21, 2021

အာဆီယံဒေသတွင်း နိုင်ငံတွေထဲ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၇၈,၀၀၀ ကျော် ရှိနေပြီး စုစုပေါင်း ကူးစက်ခံရသူ ၆ ဒသမ ၂၇ သန်းကျော် ရှိလာနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ကတော့ ၁,၈၀၀ ကျော်ရှိနေပြီး စုစုပေါင်း သေဆုံးသူ ၁၂၀,၀၀၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေတဲ့ မြန်မာ နိုင်ငံကတော့ သေဆုံးသူ ၅,၀၀၀ ကျော်၊ ကူးစက်ခံရသူ ၂၄၀,၀၀၀ ကျော်နဲ့ အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု အမြင့်ဆုံးအဆင့် ၄ နေရာကို ရောက်ရှိနေခဲ့ တာပါ။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၇၆,၀၀၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံက ကူးစက်ခံရသူ ၁ သန်းခွဲကျော်၊ သေဆုံးသူ ၂၆,၀၀၀ ကျော်နဲ့  ထိပ်ဆုံးမှာ ရှိနေတာပါ။ အဲဒီနောက်မှာတော့  မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၉ သိန်းကျော်၊ သေဆုံးသူ ပေါင်း ၇,၀၀၀ ကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄ သိန်း ကျော်၊ သေဆုံးသူ ၃,၅၀၀ ကျော် ရှိနေပါတယ်။

ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၉၂ သန်း ကျော်၊ သေဆုံးသူပေါင်း ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာ သူပေါင်း ၁၇၅ သန်းနီးပါး ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024