ပါကစ္စတန်တွင် ပစ်ခတ်မှုများကြောင့် အနည်းဆုံး ၉ ဦး သေဆုံး

ရဲအရာရှိ အဗ္ဗဒူ ခါလစ်
ပါကစ္စတန်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကရာချီမြို့မှာ ဒီဇင်ဘာ ၃ ရက်နေ့က ပစ်ခတ်မှု ၃ ခုအတွင်း စုစုပေါင်း လူ ၉ ဦး သေဆုံးခဲ့တယ်လို့ ရဲဌာနက ဆိုပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က ကရာချီမြို့အရှေ့ပိုင်းမှာ အမည်မသိ သေနတ်သမားတစုက ကားပေါ်ကနေ ပစ်ခတ်ခဲ့လို့ ဒေသခံ ရှီယား ဘာသာရေး ခေါင်းဆောင်တဦးနဲ့ သူရဲ့ လုံခြုံရေးတဦး သေဆုံးခဲ့ပါတယ်။ [caption id="attachment_47637" align="alignleft" width="300"]ရဲအရာရှိ အဗ္ဗဒူ ခါလစ် ရဲအရာရှိ အဗ္ဗဒူ ခါလစ်[/caption] ၁ ရက်တည်းမှာပဲ ကရာချီမြို့ မြောက်ပိုင်း နာဇီမာဘတ် (North Nazimabad) မှာ ဆိုင်ကယ်စီး သေနတ်သမားတွေက ဘာသာရေးဆရာတစုကို ပစ်ခတ်ခဲ့တာကြောင့် မော်ရိုကိုဘာသာရေးဆရာ ၂ ဦးအပါအ၀င် ဘာသာရေးဆရာ ၃ ဦး သေဆုံးခဲ့ပါတယ်။ အခြား ၂ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်လို့ အဲ့ဒီဒေသရဲ့ ရဲအရာရှိ အဗ္ဗဒူ ခါလစ် (Abdul Khaliq) ပြောပါတယ်။ အဲဒီနောက် ကရာချီမြို့ အခြားတနေရာမှာလည်း အမည်မသိ ဆိုင်ကယ်စီးသေနတ်သမား ၈ ယောက်က ကားတစီးကို ပစ်ခတ်လို့ ကားပေါ်ပါသူတွေထဲက ၄ ဦး ဟာ ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာ သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှုတွေ အားလုံးကို ရဲက လိုက်လံ စုံစမ်းနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်က ရှီယားဂိုဏ်းဝင် မွတ်စလင်တို့ရဲ့ ဘာသာရေးအခမ်းအနား ချီတက်ပွဲအတွင်း ဆွန်နီဂိုဏ်းဝင်တွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ပြီး လူ ၈ ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူအများစုက ဆွန်နီဂိုဏ်းဝင် မွတ်စလင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ ပစ်ခတ်မှုတွေဟာ အဲဒီပဋိပက္ခတွေရဲ့ နောက်ဆက်တွဲပစ်ခတ်မှုတွေပဲ ဖြစ်ပါတယ်။ လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့အဆိုအရ ပါကစ္စတန်နိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ရှီယားမွတ်စလင် ၈၀၀ ကျော် အသတ်ခံခဲ့ရပြီး ဒီ ၂၀၁၃ ခုနှစ်ထဲမှာ အယောက် ၄၀၀ အသတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။

More News
Up