စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ PDF (မြိုင်)၊ PDF(ပုလဲ) နဲ့ PDF(ယင်းမာပင်)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁၄ ယောက်သေပြီး PDF ဘက်က ၁ ဦးကျဆုံးခဲ့တယ်လို့ မြိုင်(PDF) ဇူလိုင် ၂၀ ရက်နေ့မှာ ကြေညာပါတယ်။
ပုလဲ(PDF)နဲ့ စစ်ကောင်စီတပ်တွေ ဇူလိုင် ၁၈ ရက်နေ့မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားတဲ့အနက် မြိုင်(PDF)က ဒုတိယအကြိမ်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတော့ စစ်ကောင်စီရဲ့တပ်သား ၆ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ PDF(ပုလဲ)၊PDF(မြိုင်)နဲ့ PDF(ယင်းမာပင်)တို့ ပူးပေါင်းတိုက်ခိုက်တာကြောင့် စစ်တပ်က ၈ ယောက်ထပ်မံသေဆုံးပြီးတော့ ပုလဲ(PDF)က တပ်ဖွဲ့ဝင်တစ်ယောက် တိုင်းပြည်အတွက် အသက်ပေးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
PDF ညီနောင်အဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို နည်းလမ်းပေါင်းစုံနဲ့ ဆက်လက် တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ပွဲနဲ့ နှစ်ဖက် သေဆုံးကျဆုံးမှုတွေ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ မီဒီယာတွေမှာတော့ ထုတ်ပြန်တာမရှိသေးပါဘူး။