Wednesday, June 7, 2023
HomeCOVID19ရေတပ်သင်္ဘောသားများ ကိုဗစ်-၁၉ ကူးစက်ခံရမှုအတွက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး တောင်းပန်

ရေတပ်သင်္ဘောသားများ ကိုဗစ်-၁၉ ကူးစက်ခံရမှုအတွက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး တောင်းပန်

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆောအုပ်ခ်ဟာ အာဖရိက ကမ်းလွန်ပင်လယ်ပြင်မှာ ကင်းလှည့်နေတဲ့ ရေတပ်ဖျက်သင်္ဘောပေါ်မှာ သင်္ဘောသားတွေ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ကူးစက်ခံရတဲ့အတွက် ဇူလိုင် ၂၀ ရက်မှာ တောင်းပန်လိုက်ပါတယ်။

ပင်လယ်ဓားပြ တိုက်ဖျက်ရေးအတွက် ကင်းလှည့်နေတဲ့ သင်္ဘောပေါ်မှာ သင်္ဘောသား ၈၀ ရာခိုင်နှုန်းကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာပါ။

စစ်တပ်ဟာ ကူးစက်မှု ဟန့်တားရေး လုပ်ဆောင်ချက်တွေကို ပိုတိုးတက်ကောင်းမွန်အောင် ပြုပြင်မယ်လို့လည်း ရုပ်သံ ကြေညာချက်အတွင်း ဝန်ကြီးက ပြောပါတယ်။

ရောဂါပြင်းထန်တဲ့ ၁၂ ယောက်ကို ဆေးရုံတင် ကုသထားပြီး ကျန်တဲ့ ကူးစက်ခံ စစ်သည် ၂၈၉ ယောက်ကိုတော့ ကုသရေးစင်တာကို ရောက်ရောက်ချင်း သီးခြားခွဲထားမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန အရာရှိက ပြောပါတယ်။

ဇူလိုင် ၁၅ ရက် မှာ ကူးစက်မှုကို ပထမဆုံး အစီရင်ခံချိန်မှာ သင်္ဘောပေါ်မှာ စစ်သည် အယောက် ၅၀ သာ ကူးစက်မခံခဲ့ရတာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးအရာရှိချုပ်က ပြောပါတယ်။

အာဏာပိုင်တွေက လူနာတွေကို လေကြောင်းကနေ စတင်သယ်ဆောင်နေပြီး အစားထိုးအဖွဲ့က သင်္ဘောကို တောင်ကိုရီးယားဆီ ပြန်မောင်းနှင်လာမယ်လို့ ရိုက်တာ သတင်းဌာနက တင်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular