ရန်ကုန်ကို ဇုန် ၁၁ မျိုး ခွဲမည်
DVB
·
December 4, 2013
ရန်ကုန်မြို့ကို မြေအသုံးချမှုပုံစံလိုက်ပြီး ဇုန်အမျိုးအစား ၁၁ မျိုး ခွဲခြား သတ်မှတ်ပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ အကြံပေးအရာရှိ ဒေါက်တာကျော်လတ်က ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာ လုပ်တဲ့ မြေအသုံးချမှုနဲ့ အဆောက်အဦ တည်ဆောက်ခြင်းဆိုင်ရာ အစည်းအဝေးပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
သတ်မှတ်မယ့် ဇုန်အမျိုးအစားတွေကတော့ ဆိတ်ငြိမ်ရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု အသင့်အတင့်ဇုန်၊ လူနေသိပ်သည်းမှု များတဲ့ဇုန်၊ မြို့ပြ အသုံးချမှု မျိုးစုံ ပါတဲ့ဇုန်၊ ကုန်သွယ်မှုနဲ့ စီးပွားရေးဇုန်၊ စက်မှုနဲ့ ကုန်လှောင်ရုံများဇုန်၊ ဆိပ်ကမ်းနဲ့ ဆက်စပ်ဇုန်၊ စိမ်းလန်းမြေနဲ့ ရေပြင်ဇုံ၊ အစိုးရအဖွဲ့အစည်းဆိုင်ရာဇုန်၊ မြို့ပြအမွေအနှစ် ထိန်းသိမ်းမှုဇုန်၊ ကမ်းနား အထူးဖွံ့ဖြိုးရေးဇုန်တွ ပါဝင်ကြပါတယ်။
ဒီ ဇုန် သတ်မှတ်မှုကို လွှတ်တော်တင်၊ လွှတ်တော်က အတည်ပြုပြီးရင် အဆောက်အဦနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့အခါ ဇုန်သတ်မှတ်ချက်အတိုင်းပဲ အကောင်အထည် ဖော်ရတော့မှာ ဖြစ်ပါတယ်။