ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က နေအိမ်တစ်အိမ်မှာ ဇူလိုင် ၂၀ ရက် ဒီနေ့ မနက်ပိုင်းက ဗုံးတွေ့ခဲ့လို့ စစ်တပ်က လာရောက်ပြီး သေနတ်ပစ်ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။
ပိတောက်ပင်ကျေးရွာက အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူရဲ့နေအိမ်နောက်ဘက်မှာ ဗုံးတွေ့ခဲ့တာဖြစ်ပြီး မနက် ၈ နာရီလောက်မှာ စစ်တပ်က သေနတ်နဲ့ပစ်ဖောက်ခွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
" အဲ့ဒလန်အိမ်ရဲ့ နောက်ဘက်မှာတွေ့တယ်ပြောတယ်။ စစ်တပ်ကရောက်လာတော့ မဖြုတ်တော့ပဲ ဖောက်ခွဲလိုက်တာ။ မဖြုတ်ရဲတာလား၊ ဖြုတ်မရတာလားတော့ မသိဘူး။ အိမ်ရှေ့မှာပဲ ခွဲလိုက်တာ''လို့ ပြော ပါတယ်။
ဗုံးတွေ့တဲ့အိမ်ရဲ့ အနီးဝန်းကျင်က အိမ်တွေကို ဒီနေ့မနက်ပိုင်း လူစိမ်းအဝင်အထွက် ရှိ မရှိနဲ့ မသင်္ကာစရာတွေ့မိလားဆိုတာ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က ဗုံးကိုဖောက်ခွဲပြီး ပြန်ထွက်သွားချိန်မှာလည်း ကျေးရွာထဲ ရွာသားတွေ ကြောက်လန့်အောင် သေနတ်ဖောက်သွားတယ်လို့လည်း သိရပါတယ်။