မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံတံခွန်တောင်သူလယ်သမားအဖွဲ့ချုပ် မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးလင်းထင်စိုးကို ဇူလိုင်လ ၁၈ ရက် ညပိုင်းမှာ စစ်တပ်က ဖမ်းခေါ်သွားပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တွေဟာ အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးတာဖြစ်ပြီး လူကိုဖမ်းသွားတဲ့အပြင် သူ့ရဲ့နေအိမ်ရှိ ငွေတချို့နဲ့ ကားကိုပါ သိမ်းသွားတယ်လို့ ကိုလင်းထင်စိုးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“မေးစရာရှိလို့ ဆိုပြီး ခေါ်သွားတာ။ တခြား မိသားစုတွေတော့ ဘာမှမလုပ်ဘူး။ ငွေနဲ့ ကားလည်း ယူသွားကြတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံတံခွန်တောင်သူလယ်သမားအဖွဲ့ချုပ် မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးလင်းထင်စိုးကို ဘယ်မှာ ဖမ်းထားတယ်၊ ဘာကြောင့်ဖမ်းသွားတယ် ဆိုတာ အခုအချိန်ထိ မသိရသေးပါဘူး။