ရိုးရာခြင်းလုံး ပြိုင်ပွဲ မြန်မာအမျိုးသားအသင်း ဦးဆောင်နေ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရိုးရာခြင်းလုံးပြိုင်ပွဲ အခြေခံအတွဲ အမျိုးသားပွဲစဉ်တွေကို ဒီနေ့ နေပြည်တော် ၀ဏ္ဏသိန္ဓိအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ထိုင်းအသင်းက ၄၀၇ မှတ်၊ မြန်မာအသင်းက ၆၃၆ မှတ်နဲ့ ဦးဆောင်နေပါတယ်။ လာအို၊ မလေးရှားနဲ့ စင်ကာပူတို့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အသင်း ၅ သင်း ယှဉ်ပြိုင်အပြီး အမှတ်အများဆုံး ရရှိတဲ့ ၂ သင်း ဗိုလ်လုပွဲ ပြန်လည် ကစားရမှာဖြစ်ပါတယ်။ [gallery ids="47599,47600,47601,47603,47604,47605,47607,47609,47610"]

More News
Up