ပါလီမန်အသစ်ပြန်ဖွဲ့ရေး ယူကရိန်းပြည်သူများ ချီတက်ဆန္ဒပြ

ယူကရိန်းပါလီအေဆာက်အဦ ေရှ့မှာ ရဲနဲ့ ဆန္ဒြပ ြပည်သူလူထု ထိပ်တိုက်ေတွ့ေနစဉ် (Reuters)
သမ္မတ ယန်နူကိုဗစ် (Yanukovich) နဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ ယူကရိန်းပြည်သူတွေဟာ ပါလီမန်ကို အသစ်ပြန်ဖွဲ့ရေး တောင်းဆိုဖို့ ယူကရိန်းပါလီမန်ရှေ့ကို ဒီနေ့ ချီတက်စုရုံးခဲ့ကြပါတယ်။ သမ္မတက အီးယူနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို စွန့်လွှတ်ပြီး ရုရှား စီးပွားရေးအရ နီးနီးကပ်ကပ် ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ယူကရိန်းပြည်သူတွေ ဆန္ဒပြနေကြတာ ဒီနေ့ဆို ၁၃ ရက်မြောက်နေ့ ဖြစ်ပါတယ်။ [caption id="attachment_47592" align="alignleft" width="300"] ယူကရိန်းပါလီအဆောက်အဦ ရှေ့မှာ ရဲနဲ့ ဆန္ဒပြ ပြည်သူလူထု ထိပ်တိုက်တွေ့နေစဉ် (Reuters)
ယူကရိန်းပါလီအဆောက်အဦ ရှေ့မှာ ရဲနဲ့ ဆန္ဒပြ ပြည်သူလူထု ထိပ်တိုက်တွေ့နေစဉ် (Reuters)[/caption] အတိုက်အခံရဲ့ တစိုက်မတ်မတ် တောင်းဆိုမှုတွေကြောင့် အစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းဖို့ လွှတ်တော်ဆွေးနွေးပွဲကို ဒီနေ့ ဆင့်ခေါ်ထားပါတယ်။ ပြီးခဲ့တဲ့ ရုံးပိတ်ရက်နှစ်ရက် ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူဦးရေ ၃ သိန်းခွဲအထိ ရှိခဲ့ပြီး ရဲနဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ အခုလူထုဆန္ဒပြပွဲတွေဟာ လွန်ခဲ့တဲ့ ၉ နှစ်က အစိုးရအဂတိလိုက်စားမှုတွေနဲ့ ရွေးကောက်ပွဲ မဲလိမ်မှုတွေကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ လိမ္မော်ရောင် တော်လှန်ရေးနောက်ပိုင်း အကြီးဆုံးလူထုဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပေမယ့် ယူကရိန်းသမ္မတ ယန်နူကိုဗစ်ကတော့ ချေးငွေရရှိဖို့နဲ့ ရင်းနှီးမြှုပ်နှံတွေရရှိဖို့ တရုတ်နိုင်ငံကို ဒီနေ့ ခရီးထွက်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up