လူကိုကူးစက်သည့် ပထမဆုံး ကြက်ငှက်တုပ်ကွေး ဟောင်ကောင်တွင် တွေ့ရှိ

H7N9 ကြက်ငှက်တုပ်ကွေးရောဂါက ပထမဆုံး လူကိုကူးစက်မှု ဟောင်ကောင်မှာ တွေ့ရှိခဲ့တယ်လို့ ဟောင်ကောင်အစားအစာနဲ့ ကျန်းမာရေးဌာနက ဒီဇင်ဘာ ၂ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံပြည်မကြီးကိုလည်း ဆက်လက်ကူးစက်သွားမယ့်ပုံ ရတယ်လို့လည်း ဆိုပါတယ်။ Dr Ko Wing man (Photo Edward Wong)ဟောင်ကောင်အစားအစာနဲ့ ကျန်းမာရေးဌာန အတွင်းရေးမှူး ဒေါက်တာ ကိုဝင်းမန်း (Ko Wing-man) က ကူးစက်ခံရသူဟာ အသက် ၃၆ နှစ်အရွယ် အင်ဒိုနီးရှားအိမ်ဖော် အမျိုးသမီးတဦးဖြစ်ပြီး ဟောင်ကောင်နဲ့ ကပ်လျက် တရုတ်ပြည်မကြီး ရှန်းကျန်း (Shenzhen) ပြည်နယ်ကို ၀င်ထွက်သွားလာခဲ့သူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ Queen Mary ဆေးရုံမှာ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေပြီး သူနဲ့ အနီးကပ်နေခဲ့သူတွေကိုလည်း Princess Margaret ဆေးရုံမှာ ရောဂါစစ်ဆေးမခံယူနေတယ်လို့ ပြောပါတယ်။ ဟောင်ကောင်မှာလည်း ကူးစက်ရောဂါကာကွယ်ရေးနှိမ်နင်းရေးကို အပြင်းထန်ဆုံးအဆင့် မြှင့်ထားလိုက်ပါတယ်။ အခု H7N9 ကြက်ငှက်တုပ်ကွေးကူးစက်မှုကို တွေ့ရှိတာဟာ လွန်ခဲ့တဲ့ ၁၀ နှစ် ဟောင်ကောင်မှာ လူ ၃၀၀ လောက် သေဆုံးခဲ့ရတဲ့ ဆာစ်းရောဂါ ကူးစက်ဖြစ်ပွားခဲ့ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up