အီတလီစီးရီအေ ကလပ်တွေအနေနဲ့ လာမယ့်ရာသီကစတင်ပြီး အစိမ်းရောင်ဂျာစီ ဝတ်ဆင်ခွင့်ရတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
ဒီစည်းမျဉ်းသစ်ကို ဇွန် ၁၆ ရက်က အတည်ပြုခဲ့တာဖြစ်ပြီး အစိမ်းရောင်ဂျာစီကို အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့တာဟာ ရုပ်သံကုမ္ပဏီတွေရဲ့ တောင်းဆို ချက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
မြက်ခင်းပြင်အစိမ်းရောင်နဲ့ ဂျာစီအစိမ်းရောင်ထပ်နေတဲ့ အပြင်ရုပ်သံတင်ဆက်မှုတွေ ပြုလုပ်ရာမှာလည်း ဂျာစီအစိမ်းရောင်က ရုပ်သံနောက်ခံက အစိမ်းရောင်နဲ့ ရောထွေးသွား တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
အစိမ်းရောင်ဂျာစီကို အဓိကအခြေခံပြီး အိမ်ကွင်းဝတ်စုံအဖြစ် အသုံးပြုတဲ့ ဆက်ဆူလိုအိုအသင်းအတွက် မတူညီတဲ့ တခြားအရောင်နဲ့ ပြုလုပ်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အတ္တလန္တာအသင်းနဲ့ လာဇီယိုအသင်းတွေဟာလည်း အစိမ်း ရောင်ဂျာစီတွေကို အသုံးပြုခဲ့ပါတယ်။