ဆီးရီးယားသမ္မတ စစ်ရာဇ၀တ်မှုများတွင် ပါဝင်ပတ်သက်မှုရှိဟု ကုလပြော

ကုလသမဂ္ဂရဲ့ လူ့အခွင့်အေရး အရာရှိချုပ် နဗီပဲလေ
ကုလသမဂ္ဂက စုံစမ်းစစ်ဆေးသူတွေရဲ့ ရရှိထားတဲ့အချက်အလက်တွေအရ ဆီးရီးယား သမ္မတ ဘာရှား အယ်လ်အာဆတ်ဟာ ဆီးရီးယားစစ်ရာဇ၀တ်မှုတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အရာရှိချုပ် နဗီပဲလေက ဒီဇင်ဘာ ၂ ရက်က တရားဝင် ပြောကြားခဲ့ပါတယ်။ [caption id="attachment_47551" align="alignleft" width="300"]ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အရာရှိချုပ် နဗီပဲလေ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အရာရှိချုပ် နဗီပဲလေ[/caption] ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေက ဒီအချက်အလက်တွေအတွက် အထူးလျှို့ဝှက်ပြီး သီးခြား စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေဟာ အရင်ကလည်း အခုလိုထုတ်ဖော်ပြောကြားမှုတွေ ရှိခဲ့ပေမယ့် အခုတခေါက်လို ဆီးရီးယားသမ္မတ အာဆတ်နာမည်တပ်ပြီး  အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ လာမယ့် ဇန်န၀ါရီ ၂၂ နေ့မှာ ဆီးရီးယားအရေးကို ဆွေးနွေးမယ့် ဂျီနီဗာဆွေးနွေးပွဲ မတိုင်ခင် ဆီးရီးယားမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် တာဝန်ခံမှုတွေအတွက် အင်အားကြီးနိုင်ငံတွေက အရင် လုပ်သင့်တယ်လို့ ဆိုပါတယ်။ ဆီးရီးယားစစ်ပွဲတွေ ရပ်ဆိုင်း သွားရင်တောင်မှ သမ္မတအာဆတ်ဟာ ဆက်လက်ပြီး အာဏာရှိနေဦးမလားဆိုတာ ဆွေးနွေးပွဲကို ဦးဆောင်ကြမယ့် အမေရိကန်နဲ့ ရုရှားနိုင်ငံတို့အတွက် အကျေအလည် ဆွေးနွေးရမယ့် အချက်တချက် ဖြစ်နေပါတယ်။ စစ်ရာဇ၀တ်မှုတွေအတွက် တာဝန်ခံမှုဆိုတာ ရှိကို ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ဂျီနီဗာဆွေးနွေးပွဲ ၂ မတိုင်ခင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်ရအောင် ထပ်ခါတလဲလဲ တောင်းဆိုနေရတာ ဖြစ်သလို ပြီးတော့ တာဝန်ရှိတဲ့လူတွေကို အပြည်ပြည်ဆိုင်ရာ တရားရုံးကို လွှဲပြောင်းပေးဖို့ ထပ်မံ တောင်းဆိုပါတယ်လို့ ပီလ်လေက ဆက်လက် ပြောဆိုခဲ့ပါတယ်။

More News
Up