ဆန္ဒပြသူများကို တားထားသည့်အတားအဆီး ထိုင်းရဲ ဖယ်ရှား

Photo by Reuters
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ အစိုးရအိမ်တော်အနီးမှာ ရဲတွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ ဆန္ဒပြသမားတွေကို ရဲတွေဘက်က အလျော့ပေးပြီး အတားအဆီးတွေကို ဒီနေ့ ဖယ်ရှားပေးလိုက်ပါတယ်။ Photo by Reutersဆန္ဒပြသမား ထောင်ပေါင်းများစွာဟာ ဘန်ကောက်မြို့တော် ရဲဌာနချုပ်ရှေ့မှာ ချထားတဲ့ အတားအဆီးနားမှာ စုရုံးရင်း အလံတွေကို ဝှေ့ယမ်း၊ ၀ီစီတွေကို မှုတ်ရင်း ရဲဌာနချုပ်ကို နောက်ဆုံး ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့ နှောင်းပိုင်းမှာ ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် သွန်ဆူဘန်က ရဲဌာနချုပ်ကို ၀င်စီးကြဖို့ ဆန္ဒပြသမားတွေကို နှိုးဆော်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ရဲတွေဘက်က ဆန္ဒပြသမားတွေကို မျက်ရည်ယိုဗုံးတွေ၊ သုံးပြီး နှိမ်နင်းမှာ  မဟုတ်ဘူးလို့ ပြောပြီး ၀င်ခွင့်ပြုလိုက်တာပါ။ အတားအဆီးတွေကို ဆန္ဒပြသမားတွေက ဖယ်ရှားနေတဲ့အချိန်မှာ ရဲတချို့ကလည်း အကူအညီပေးခဲ့ကြပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ သက်ဆင်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို မသိကျိုးကျွံပြုပြီး အတိုက်အခံတွေကို ပြတ်ပြတ်သားသား နှိမ်နင်းခဲ့တယ်လို့ ဝေဖန်တာ ခံနေရပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက ရဲတပ်ဖွဲ့ဟာ သက်ဆင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေကို ရာဘာကျည်ဆန်တွေ မျက်ရည်ယိုဗုံးတွေနဲ့ အနီးကပ် ပစ်ခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်တာကို ခံခဲ့ရပါတယ်။ အဲဒီတုန်းက လူ ၂ ယောက် သေဆုံးပြီး ရာနဲ့ချီပြီး ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up