Saturday, June 10, 2023
HomeCOVID19ရုရှားတွင် တစ်ရက်တည်း ကိုဗစ်-၁၉ ကြောင့် ၇၈၆ ဦး စံချိန်တင်သေဆုံး

ရုရှားတွင် တစ်ရက်တည်း ကိုဗစ်-၁၉ ကြောင့် ၇၈၆ ဦး စံချိန်တင်သေဆုံး

ရုရှားနိုင်ငံမှာ ဇူလိုင် ၁၄ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူ ဦးရေ ၇၈၆ ယောက်ရှိခဲ့လို့ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ကူးစက်ချိန်ကစပြီး တရက်တည်းမှာ အတည်ပြု ကူးစက်ခံ သေဆုံးသူဦးရေ အများဆုံး စံချိန်သစ် တင်သွားပါတယ်။

နိုင်ငံတဝန်းမှာတော့ တရက်တည်းအတွင်း အသစ်ကူးစက်ခံဦးရေ ၂၃,၈၂၇ ယောက် ရှိခဲ့တာပါ။ ကာကွယ်ဆေးထိုးနှုန်း နှေးကွေးနေပြီး ပိုးကူးစက်လွယ်တဲ့ ဒယ်လ်တာ ဗီဇမျိုးကွဲကလည်း ပျံ့နှံ့နေလို့ ကူးစက်ခံဦးရေ တိုးလာတာကို ရုရှားနိုင်ငံက ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ကူးစက်ခံ တရားဝင်ဦးရေဟာ ၅၈ သိန်း ၅ သောင်း ၇ထောင် ကျော်လာပြီး စုစုပေါင်း ကူးစက်ခံ သေဆုံးသူ ဦးရေက ၁၄၅,၂၇၈ ယောက် ရှိပြီလို့ အစိုးရ ကိုရိုနာဗိုင်းရပ်စ် အထူးလုပ်ငန်းအဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ ပြည်ထောင်စု စာရင်းအင်းအေဂျင်စီက သီးခြားရေတွက်တဲ့ စာရင်းကို ပြုစုထားပြီး ရုရှားမှာ ဧပြီလက စလို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူဦးရေ ၂၉၀,၀၀၀ လောက် ရှိတယ်လို့ ပြောထားပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular