ဆီးဂိမ်းပြိုင်ပွဲတွေအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကျပ်ငွေ ၂ ဘီလီယံခွဲ သုံးမည်

Photo by 27seagames2013
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ဆီးဂိမ်းပြိုင်ပွဲ အဆင့်ဆင့်အတွက် ကျပ်ငွေ သန်း ၁၇၀၀ နီးပါး သုံးစွဲခဲ့ပြီး ဆီးဂိမ်း ပြီးတဲ့အထိ စုစုပေါင်း ကျပ်ငွေ နှစ်ဘီလီယံခွဲ အသုံးပြုမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်က သတင်းထောက်တွေကို ပြောပါတယ်။ [caption id="attachment_47534" align="alignleft" width="300"]Photo by 27seagames2013 Photo by 27seagames2013[/caption] ဒီအထဲမှာ အမျိုးသားအသင်းအတွက် ကျပ်ငွေ သန်း ၈၀၀၊ အမျိုးသမီးအသင်းအတွက် ကျပ်ငွေ သန်း ၈၄၀၊ ဖူဆယ်ဘောလုံးအသင်းအတွက် ကျပ်ငွေ သန်း ၂၀၀ လောက် သုံးထားပြီးဖြစ်တယ်လို့ သူက ပြောပြပါတယ်။ ဒီငွေတွေဟာ ဘောလုံးအသင်းတွေအနေနဲ့ အဝေးကွင်း သွားကန်တာ၊ အိမ်ကွင်းမှာ လက်ခံ ကျင်းပတာတွေ အားလုံး ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၁၃ ခုနှစ် ဘတ်ဂျက်နှစ်မှာ ငွေကျပ် ၃ ဘီလီယံကျော် အကုန်အကျခံ သုံးစွဲခဲ့ပြီး ဖြစ်တယ်လို့ ဦးဇော်ဇော်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up