အမျိုးသားစာပေဆု အရင်ထက် ၅၀ ရာနှုန်းလောက် လွတ်လပ်မှု ရှိလာတယ်
ရွှေအောင်
·
December 3, 2013
အစိုးရရဲ့ အမျိုးသားစာပေဆု ရွေးချယ်ချီးမြှင့်တဲ့နေရာမှာ အရင်နှစ်တွေထက် စာရင် ၅၀ ရာခိုင်နှုန်းလောက် လွတ်လပ်သန့်ရှင်းမှု ရှိလာတယ်လို့ စာပေဆုရွေးချယ်ရေးအဖွဲ့ဝင် စာရေး ဆရာ လင်းသိုက်ညွန့်က ပြောပါတယ်။
၂၀၁၂ ခုနှစ်အတွက် တသက်တာစာပေဆု ရရှိသူတွေ၊ အမျိုးသားစာပေဆုနဲ့ စာပေဗိမာန်စာပေ ဆုရရှိသူတွေကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ဆုချီးမြှင့်ပွဲ ဒီနေ့ ကျင်းပခဲ့ပါတယ်။
ဆုချီမြှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို ပြောတာ ဖြစ်ပါတယ်။
ဒါ့အပြင် အရင်နှစ်တွေက စာပေဆုရွေးချယ်ရေးဘုတ်အဖွဲ့ကို အစိုးရလူအများစု ပါဝင်တဲ့ ၁၄-၅ ဦးလောက်နဲ့ ဖွဲ့စည်းခဲ့ရာကနေ ၂၀၁၂ ခုနှစ်မှာတော့ ပြင်ပစာရေးဆရာအများစု ပါဝင်တဲ့ ၉၆ ဦး ဘုတ်အဖွဲ့နဲ့ ရွေးချယ်ခွင့်ရခဲ့တယ်။ ဆုရွေးချယ်တဲ့ အဆုံးအဖြတ်ပေးတာကတော့ သက်ဆိုင်ရာဝန်ကြီးဌာနကပဲ အဆုံးအဖြတ်ပေးနေတုန်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စာရေးဆရာ လင်းသိုက်ညွန့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။