ကိုဗစ်စစ်ဆေးချက်ရလဒ် အတုပြုလုပ်သူ ၆၀ ကျော်ကို တရုတ် – မြန်မာနယ်စပ် ရွှေလီတွင် ဖမ်းမိ

ကိုဗစ်-၁၉ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးတဲ့ နျူကလစ်အက်စစ် (nucleic acid) စစ်ဆေးချက်ရလဒ်တွေ အတုပြုလုပ်သူ  ၆၁ ဦးကို  တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ် တရုတ် - မြန်မာနယ်စပ် ရွှေလီမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ 

ဇွန် ၈ ရက်မှ ဇူလိုင် ၁၃ ရက်အထိ  နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ အဲ့ဒီဆေးစစ်ချက်တွေကို အတုပြုလုပ်ပြီး သုံးစွဲတဲ့အတွက် အမှုပေါင်း ၄၃ မှုက လူပေါင်း ၆၁ ယောက်ကို လီရန်းဟီခရိုင်ရှိ ပြည်သူ့လုံခြုံရေးဗျူရိုက ဖမ်းဆီးထိန်းသိမ်းထားတာလို့ ရဲတပ်ဖွဲ့ပြောကြားချက်အရ သိရပါတယ်။

လီရန်းဟီခရိုင်ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ကူးစက်ရောဂါ စတုတ္ထလှိုင်းဖြစ်ပွားနေတဲ့ ရွှေလီနဲ့လည်း  နီးကပ်နေတာပါ။ 

အင်္ဂါနေ့အထိ ယူနန်ပြည်နယ်မှာ အတည်ပြုထားတဲ့ ဖမ်းဆီးထားသူပေါင်း ၆၁ ယောက် ရှိကြောင်း  ထုတ်ပြန်ထားပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့အဆိုအရ တချို့က ဆေးစစ်ချက် အတု ပြုလုပ်တာရှိသလို တချို့က ဆေးစစ်ချက်စာရွက်အဟောင်းက စစ်ဆေးတဲ့ရက်စွဲကို ပြောင်းလဲ သုံးစွဲရတာကို တွေ့ရှိရတာဖြစ်ပြီး သူတို့တွေကို ဥပဒေအရ တပတ် ၂ ပတ် ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ 

ကူးစက်ရောဂါ ဆက်လက်ဖြစ်ပွားနေသမျှ ဒီလိုရာဇ၀တ်မှု ကျူးလွန်နေတာတွေကိုလည်း ဆက်လက်နှိမ်နင်းသွားမှာဖြစ်တယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြည်သူတွေကို သတိပေးထားပါတယ်။

More News
Up